Let Me Be Yours-13

1.7K 47 9
                                    

(Uni)
"သမီးကေလး...ပါပါးအသည်းနှလုံးလေး...ဘာတွေစိတ်အလိုမကျတာလဲ ပြောပါအုံး"
ကိုကို့အသံကလည်းမိမိကိုဆိုဘယ်တော့မှမချွဲမပစ်
သူ့သမီးကိုဆိုချိုအီချွဲပစ်နေအောင်ကို ပြောတတ်လေ၍ ထိုအခွင့်အရေးမရဖူးသူ Teddy မျက်မှောင်ကြီးကုတ်လို့နေ၏

သမီးမျက်နှာဟာဆူပုတ်ပုတ် လူကိုအငြိုးကြီးနှင့်လာကြည့်နေ၍ သူ့ပါပါးကမေးလားမြန်းလားလုပ်ပေးတော့တာဖြစ်သည်

ကိုကို့လက်ဖဝါးပြင်နှစ်ခုထဲမှာ သမီးပါးအိအိလေးကအံဝင်ခွင်ကျ အသည်းယားဖွွယ်အတိ
သူ့ပါပါးကိုသူချွဲနေတာကိုက အသည်းယားစဖွယ်မို့ ဟိုကသည်းသည်းလှုပ်နေတာမဆန်းတော့

"ဖေဖေပေါ့...ရှကပ်ဝတ်ရင် အိမ်ကထွက်ပွားယို့ကြောနေတာဝို...ဟွင်..."

"ဖေဖေကစကပ်မဝတ်ရဘူးတဲ့ပေါ့လေ...ဟုတ္လား
အဲ့Teddyကငါ့သမီးလေးကိုရာရာစစနော် ငေါက်တယ်ပေါ့ဟုတ်လား
သူမဝတ်ရတိုင်းနော် Teddyက"

"သူမွတ်ရဒိုင်း"

"အေးလေ သူမဝတ်ရတိုင်း...သမီးဝတ်ချင်တာကိုဝတ်မှာပေါ့....နောရယ်"

"အွန်း...Miraက ဂျင်းရှကပ်ယေး ဝတ်ချင်"

"ပါပါးကရှာဝတ်ပေးမှာပေါ့...အဲ့Teddyက ပါပါးသမီးကိုပိတ်ပင်နေတာပဲ သူရိုက်ခံရတော့မယ်နော်"

"ဖေဖေ့ကိုချစ်နဲ့..."

"အွန်းမချစ်တော့ဘူး သမီးဖေဖေကို"

"Miraကိုပဲ ညားညားချစ်"

"အများကြီးချစ်ပါတယ်ဗျာ...အဟွန်းဟွန်း"

အငြိမ်မနေနိုင်တော့ဘဲ ဝုန်းခနဲထထိုင်လိုက်၍ သမီးဖြစ်သူပုတုတုပေါက်စလေးအား ခေါင်းလေးကိုစာအုပ်နှင့်ခပ်သာသာပိတ်အုပ်လိုက်၍

"Mira စကပ်ဝတ်မှာဆို အဲ့စကပ်ဆွဲပြီး အိမ်ကနေထွက်သွားနော် အတည်မဝတ်ရဘူး"

"Miraကဝတ်မှာ...Janeက Miraရှပ်ယေးနဲ့ဆို cuteဒဲ့"

"သြား...နင်၃နှစ်နဲ့အဲ့ကောင်နောက်လိုက်သွားတော့ ရှိသမျှစကပ်တွေအကုန်ယူသွား"

"ပါပါး Mira cuteယားဟွန်...ရှကပ်နဲ့ချို"

"cuteတာပေါ့...ချစ်စရာအကောင်းဆုံးလေးဖြစ်သွားရော"

Lullaby...(Let Me Be Yours)Where stories live. Discover now