Let Me Be Yours-2

1.9K 77 5
                                    

(Uni)
ပူနွေး၍ နူးညံ့လှသောတစ်စုံတစ်ရာက မိမိနှုတ်ခမ်းတွေကိုအပိုင်သိမ်းနေလေ၍ Zမျက်ဝန်းတွေကိုအားယူ၍ဖွင့်လိုက်မိသည်...

ရင်နှစ်သည်းချာ မဟူရာအေသြးက မိမိကိုကျီစားနေတာမို့လူကနိုးနိုးချင်းပြုံးရပြန်သည်
"နိုးနေပြီပေါ့လေ"

"အွန်း...အစောကြီးရှိသေးတာကိုနိုးနေပြီငါက"

"ဘယ်နှနာရီရှိပြီလဲ"

"လေးနာရီထိုးပြီးစရှိသေးတယ်"

"အဟင်း...သားကတော့မနိုးဘူးပဲ"

"မနိုးဘူး...မင်းရဲ့သားအိပ်ပုတ်"

"သားကအိပ်ပုတ်ကြီးနေတုန်းဆိုရင်....ကို့ကိုအချိန်ပေးမလား...ဟင် ကေလး"
အသက်၃၀အရွယ်မိမိကို သူကကလေးလုပ်နေတုန်းမို့ အသွေးသူ့အားပြုံးကြည့်နေယုံသာတတ်နိုင်သည်...

"၅နာရီလောက်ကျလမ်းလျှောက်သွားမလား...အခုအချိန်ခဏရသေးတယ်"

"အင်း...၅နာရီလောက်မှပေါ့..
အခုစရအောင်"

အရင်လိုအချိန်တွေကနောက်ပိုင်းပိုပိုနည်းလာ၍ သူနဲ့မိမိကြားမှာရက်တွေခြားတာများလာတတ်ပါသည်...
ယခုဆိုရင် တပတ်ဆယ်ရက်တောင်ကြာခဲ့ပြီမို့သူရောကိုယ်ရောလွမ်းနေသည့်အထိအတွေ့တွေကြားထဲပြန်သွားမိကြသည်...

ကိစ္စပြီးချိန်မှာတော့ ၅နာရီကျော်နေချေပြီ
သန့်ရှင်းရေးလုပ်မျက်နှာသစ်ပြီး သားကိုနှိုးမိတော့သည်
သားကိုရောဒါန်းကလေးကိုရောလမ်းလျှောက်ခေါ်သွားဖို့ နိှိုးတော့ သားကအိပ်ချင်မူးတူးကနေအသွေးကိုမကျေမနပ်ကလေးကြည့်သည်

"ဘာလဲမင်းက
လမ်းလျှောက်သွားမယ်...ထ တော့"

"လျှောက်ချင်ပါဘူး...ဟင့်...ဒယ်ဒယ့်..."
မလျှောက်ချင်ပါဘူးပြောပြီး အိပ်ယာကနေထပြီးသူ့ဒယ်ဒယ်မျက်နှာသစ်ပေးတာကိုကြည်ကြည်ဖြူဖြူလက်ခံသည်

အသွေးလည်း သောတာတို့အခန်းကိုသွား၍ သားတို့အတွဲဘေးကမြေးဖြစ်သူကိုချီခေါ်ခဲ့ပြီးမျက်နှာသစ် သွားတိုက်ပေးပြီး လမ်းလျှောက်ခေါ်လာခဲ့သည်

ဒါန်းကလေးကကြည်ကြည်ဖြူဖြူပင် Zကိုလက်တွဲပြီးခေါ်ရာလိုက်လေသည်...
သားကသာ အသွေးဘေးရောက်လာလိုက်
သူ့ဒယ်ဒယ်ကိုလက်သွားတွဲလိုက် ဒါန်းကိုလက်တွဲလိုက်နှင့်အငြိမ်ကိုမနေတာရယ်ပါ...

Lullaby...(Let Me Be Yours)Where stories live. Discover now