Lullaby-16🚨

4.9K 132 18
                                    

(Uni)
မနက်စာစားပြီးသော် လုပ်ငန်းပြသနာကြောင့် အရေးပေါ်meetingလုပ်ရန်ကိစ္စပေါ်လာ၍ အသွေးကအိမ်မှာရှိမနေ....

Zထိုအချိန်မှမိမိအလုပ်တွေဆီအာရုံရောက်ရတော့သည်...ဒါတောင်စိတ်ကအသွေးဆီမှာရယ်ပါ....အလုပ်တွေကိုလူသာဆိုနှင်ထုတ်လို်က်မိမှာသေချာသည်....

"Boss..မနေ့က...Clubမှာ Glory Grouoကလူတွေသောင်းကျန်းသွားတာ"

"အာ...ဘယ်မှာလဲ"

"Z-7မှာပါ...."

"အမ်း...ဘာတွေဖြစ်သွားသေးလဲ"

"Dj playerကောင်မလေးတော့ လက်ကျိုးသွားတယ်....အဲ့တာပါပဲကြီးကြီးမားမားက"

"အွန်း"
အေးစက်စက် Bossစကားတွေကြောင့် Jayတစ်ယောက်ထိုင်ရမလို ထရမလိုနှင့် Laptopမှန်ပြင်အထိမျက်နှာကိုတိုးမိသွားသည်....
Bossက သူ့ဆီမှာအကြည့်မရှိ တစ်နေရာကိုကြည့်နေပြီး ငြိမ်နေလျက်

"Boss...."
ခပ်ကျယ်ကျယ်ခေါ်လိုက်ခါမှ
"ဟေ...."

"ဟိုဧည့်သည်ရှိနေလို့လားဟင် "

"မရှိဘူး...ငါ့မှာဧည့်သည်လေးတစ်ယောက်တောင်မရှိဘူး...ကျစ်....လွမ်းနေပြီ"

"ဗျာ...."

"အား...ဟိုဟာ....Jadeရောနေကောင်းသလား"
Jayမျက်နှာကငိုချင်သလိုရယ်ချင်သလိုပြောင်းသွားသည်....သူ့ချစ်သူအနားနေပြီး သူဘာကိုလွမ်းနေမှန်းလည်းမသိသလို သူ့အိမ်က ခြသေ့ၤကိုအရေးလုပ်မေးနေပြန်သေးသည်...

"Boss....Bossအမျိုးသားမရှိဘူးလားဟင်"

"အင်း...meeting တဲ့
ငါမနက်ဖြန်ပြန်မှာကိုတောင်.....သူက......"
ခပ်ဆွေးဆွေးပြောရင်း တစ်ဖက်ကိုအငေးမပျက်သည့်Bossကို ဒီဘက်ကိုသာဆောင့်ဆွဲခေါ်လိုက်ပြီးအလုပ်တွေလုပ်ခိုင်းလိုက်ချင်တော့သည်....
သူပေ့ါပျက်ပျက်တွေလုပ်နေတာ ဟိုနှစ်ပတ်လောက်ကတည်းကဖြစ်သည်....
မြှီးကောင်ပေါက်လူပျိုလေးလို အချစ်ပူမိနေသည့် Bossလူပျိုဘဝကလွတ်သွားသည်ကိုတော့ ဂုဏ်ယူမိပေမယ့် ယခုလိုအသက်၃၀ကျော်မှ လွမ်းတတ်နေရမည့်အချိန်မဟုတ်တော့...

"Boss....နှောက်ယှက်ချင်တာမဟုတ်ပေမယ့်....မနက်ဖြန်တော့အတည်ပြန်လာပါနော်...မဟုတ်ရင်ကျနော် ဆယ်ကိုယ်လောက်ခွဲရတော့မယ်...."

Lullaby...(Let Me Be Yours)Dove le storie prendono vita. Scoprilo ora