Let Me Be Yours-10

2.1K 63 2
                                    

(Uni)
"ငါ့ပါပါး....ဖယ်စမ်း..."
အသွေးအားကုန်းဖက်နေသော ဒါန်းလေး၏ ဖင်ကိုလှမ်းကန်၍ဘေးသို့ဖယ်ခိုင်းသော Teddyကြောင့်
တစ်ယောက်ကဘေးကိုပြိုကျသွားရသည်
ထို့နောက်ပြန်ထလာကာ သား၏တင်ပါးကိုဖြန်းခနဲတချက်ချပြီး ကြားထဲကအသွေးကိုခေါင်းချင်းဆိုင်ပြီးလုကြတော့သည်

"ငါ့ ပါပါး..."

"ငါ့ပါပါး...မင်းကအချိန်ပြည့်ကပ်နေပြီး ဖယ်ပေးစမ်းပါ"
Teddy၏ခေါင်းကို တွန်းဖယ်ရင်း ဒါန်းကမျက်နှာကို အသွေးဗိုက်ဆီတိုးကပ်လေသည်...

"အဟားဟား...ငါ့ပေါက်စလေးတွေ လာပါအုံးလာပါအုံးနှစ်ယောက်လုံးကို ငယ်ငယ်ကလိုအတူဖက်ထားရအောင်ဟာကို"

"ပါပါး သားက ပါပါးအနားအမြဲမရှိရဘူး...အဲ့ Teddyကိုနှင်ထုတ်လိုက် သားကပ်မယ်"

"ဟင့်အင်...မင်းကပ်ရင်ငါမနာလိုဘူး...အဲ့တာငါ့ပါပါး...မင်းဖယ်စမ်းပါ"

"ပါပါး....သားကအရင်ကပ်တာ"

"ကဲ...Teddyရေ...သားကလည်း ဒါန်းလေးကတစ်ခါတစ်လေလေးကပ်ရတာကို"

"ဟင့်ဟင့် ဟင့်ပေါ့...သားပဲကပ်မယ်"

"ကဲ...ဒီနှစ်ယောက်မဟုတ်သေးဘူးနော်..."

ထိုညီအစ္ကိုက ငယ်ကတည်းကအသွေးကစိတ်ရှည်ရှည်ထိန်းပေးခဲ့ဖူးတာမို့ အသွေးကိုအမြဲလုနေကျဖြစ်သည်...
နိဒါန်းသစ်တို့ကလည်း အသွေးကိုသိပ်ချစ်တာဖြစ်သည်...သားဆို ဒါန်းနဲ့ဆိုအသွေးကိုပိုလုလေသည်

"ပါပါးကိုလွမ်းနေတာ"

"မင်းကောင်မကိုသွားပြောအဲ့တာကို ငါ့ပါပါးကိုမပြောနဲ့"

"သူနဲ့ကအမြဲတွေ့နေရတာ ပါပါးကိုအတည်လွမ်းတာ"

"ပိုတွေပြောနေတာရပ်ပြီး ငါ့ပါပါးပေါ်ကနေဖယ်လိုက်"

"ကျစ်...ဒီကောင်လေးတွေ
Teddyရေ...သားရ ညီလေးကိုအလျှော့ပေးစမ်းပါ တစ်ခါတစ်လေလေး"

"ဟင့်ဟင့်ဟင့်အင်း.....ပါပါးကသားအပိုင်"

"ပါပါး...အဲ့ကောင်ကိုမောင်းထုတ်ပေးပါ"
ထိုအဝေမတည့်နှစ်ယောက်ကို ပေါင်တစ်ဖက်တစ်ချက်စီမှာခေါင်းအုံးခိုင်းပြီး ခေါင်းတွေကိုဖက်ထားပေးလိုက်သည်

Lullaby...(Let Me Be Yours)Where stories live. Discover now