Lullaby-20

2.9K 109 9
                                    

(Uni)
"မဟုတ်...မဟုတ်....အာ...မဟုတ်ဘူးလို့ ကလေးရ"

"-ီး ကလေး"

"ကျစ်....ရား.....မဟူရာအသွေး"

"wae...wae....molla.....don-obso..."

"ဟာ့ဟား...ဘာတွေပြောနေတာတုန်း
don-obso....ကဘာပြောတာတုန်း"

"အဲ့တာကြောင့်မင်းကို လူမှုဆက်ဆံရေးကောင်းကောင်းနေလို့ပြောတယ်..."

"ကို ဘယ်နေရာမှမကောင်းနေလို့လဲ"

"ကျောင်းတုန်းက ကိုရီယားသူငယ်ချင်းတစ်ယောက်ရှိတယ်လေငါ့မှာ...ဟာ့ဟား...ငါနည်းနည်းသိတယ် ကိုရီးယားစကား"

"Don-obso....
ဘာကြီးလဲ"

"ပိုက်ဆံမရှိဘူးလို့ပြောတာ...မသိဘူး ရုတ်တရက်သူ့ကိုသတိရလာလို့"

"သတိရတယ်....ဘာရယ်....."

"အင်း အိပ်မက်တောင်မက်သေးတယ်...
အခန်းဖော်လေ"

"အသွေး...အဲ့ကိုရီးယားကောင်ကိုဘာလို့သတိရတာလဲ...ကို့ကိုပဲအမြဲသတိရနေရမှာလေ ကို့ကိုပဲအသွေးခေါင်းထဲထည့်ထား"

"-ီးမှမထည့်ဘူး...ကျစ်
အဲ့ကောင်ဘာဖြစ်နေတယ်မသိဘူး...ညကအိပ်မက်ထဲမှာ မြင်ရတာသိပ်အခြေအနေမကောင်းဘူး"

"ဘယ်လိုမက်တာလဲ ကို့ကိုပြော"

"ငါဖုန်းဆက်ကြည့်ချင်တယ် ကျန်းမာရေးမကောင်းဘူးလားမသိဘူး"

"အရင်ကအဆက်အသွယ်မရဘူးလား"

"သူနေတာက တောင်ပေါ်ဒေသဘက်...ဆက်သွယ်ရေးကခက်တယ်...soulကိုရောက်ဖြစ်မှဖုန်းခေါ်တတ်တာငါ့ဆီ
ခုဆိုကြာပြီ ဖုန်းမဆက်လာတာ ငါကကျတော့လည်း မင်းသိတယ်မို့လား...ငါ့ဘက်ကဆက်တိုင်းမှမရတာ မဆက်ဖြစ်ဘူး"

"အလည်သွားချင်ရင်ကိုလိုက်ပို့ပေးမယ်"

"အဟင်း...ငါတို့ကသွားရဖို့ခက်တယ်...အရမ်းမလွယ်ဘူး"

"အိပ်မက်ကဘယ်လိုမက်လို့လဲ"

"ဖြူရော်ရော်နဲ့...နည်းနည်းတော့ခြောက်ခြားစရာကောင်းတယ်
ကျောင်းရှေ့မှာသူကရပ်စောင့်နေတာ...ဘယ်သူမှလည်းမရှိဘူးပတ်ဝန်းကျင်မှာ သူနဲ့ငါပဲရှိတာ...အတန်းထဲရောက်တဲ့အထိငါနဲ့သူနဲ့အတူသွားလိုက်ကြသေးတယ် နှစ်ယောက်တည်းတိတ်ဆိတ်နေတော့ ကျောင်းကခြောက်ခြားဖို့လည်းကောင်းနေတယ်...."

Lullaby...(Let Me Be Yours)Where stories live. Discover now