Lullaby-24(End)

5.7K 128 15
                                    

(Uni)
"ပါး....ချို...."
အသွေး ဒုက္ခပါပဲဟုသာငြီးမိတော့သည်
သားကိုဘယ်သူချိုတောင်းနည်းသင်ပေးလိုက်လေသည်မသိ...ချိုချည်းတောင်းကောင်းနေဟန်ရှိသည်
ယခုလည်းအသွေးရင်ခွင်ကိုမှီလျက် ချိုလိမ်စုပ်နေရင်းမှ အသွေးချိုသီးကိုလက်ကလေးကလာကုတ်နေ၍ ချိုထပ်တောင်းနေလေသူ

"ချိုလိမ်ပဲစို့....မတိုက်ဘူး...တိုက်စရာချိုလည်းမရှိဘူး
ဟင်း...."

"ချိုချို့မို့..."

"ချိုလိမ်ပဲစို့လို့...ချိုချိုမှမရှိတာ ပါပါးမှာ"

"ဒယ်ဒယ့်....ချို"

"ဒယ်ဒယ့်မှာလဲမရှိဘူး..."

"ချိုပေး....ချိုချိုပေး...."

"ချိုတော့မရဘူး...အာဘွားပဲရမယ်...
လာခဲ့....သားပါးလေးကိုအာဘွားပေးမယ်"
ချိုလိမ်စို့နေ၍ တမြုပ်မြုပ်နှင့်ဖောင်း၍ဖောင်း၍လာလေသော ပါးပြင်ဖောင်းအိအိကလေးကို နှာတံအားဖိနှစ်၍နမ်းရှိုက်ပစ်လိုက်လေသည်.....

သား၏ ပါးကလေးကဖွေးဥဥကလေးမို့ ပြင်းပြင်းဖိကပ်လိုက်သော်ပန်းရောင်ကလေးသမ်းလာလေ၏...
တောင်းတာနှင့်ရတာတခြားဆီမို့ သားကနားလည်လေဟန်ရှိကာ အသွေးနှာတံကိုလက်ကလေးက တွန်းလေသည်

"အာဘွားလေ...ဘာလို့ငြင်းနေတာတုန်း
ချစ်ချစ်တွေကမနမ်းခင် ပါပါးအဝနမ်းထားမို့ကို...သူကငြင်းတယ် ကြည့်စမ်းကြည့်စမ်း..."

"ချို..."

"အဲချိုကတော့အတောင်းကောင်းနေတယ်နော်...ဝက်ဝံပေါက်စလေး..."

သားကအသွေးလိုအသားအရေကောင်းပြီးသူ့Daddyလိုဝင်းနှစ်နှစ်လေးမို့ ဆံပင်အညိုရောင်လိပ်လိပ်ပွပွကောက်ကောက်လေးတွေနှင့်သိပ်လိုက်သည်
အသွေးကဆံပင်ညိုချင်သည့်အထဲပါတော့ သားဆံပင်လေးတွေကလုံးဝအညိုရောင်သမ်းနေလေသည်...
မျက်ဝန်းလေးတွေကလည်းအညိုရောင်သမ်းနေပြီး စူးရှရှလေးမို့သားမျက်နှာလေးကချစ်စရာအတိ...

Teddyလေးလို့ခေါ်သည်နှင့်လိုက်ဖက်စွာ သားကအညိုရောင်အမွှေးပွဝက်ဝံရုပ်လေးလိုချစ်ဖို့ကောင်းနေပြန်၏...

"ပါး...love you"

"Teddyလေးကိုလည်း...ပါပါးက love you"

"ဒယ်ဒယ်...love you
တာတာlove you...ဒါန်း love you"

Lullaby...(Let Me Be Yours)Where stories live. Discover now