အပုဒ်သစ်ခွဲရင်...အာရုံသိပ်မရတော့လို့
တစ်ဆက်တည်းပုံစံလေးနဲ့ပဲ S-2လေးကို ရေးသွားပါ့မယ်နော်....(Uni)
လူကအလောတကြီးနှင့်အိမ်အပြင်ကိုပြေးထွက်လာရပြီး မြင်ရသေးသောအရိပ်ကလေးကြောင့် ရင်အေးသွားရ၏
သားကအိမ်အပြင်ကိုခပ်တည်တည်နဲ့ထွက်သွားတာရယ်...တံခါးသာပိတ်မထားရင်သူကထွက်သွားတော့မည်လားမသိ
"သား....""ပါး.....ဟင့်...ပါပါး..."
"ဗ်ာ...ဗ်ာ....သားဘာဖြစ်တာလဲ သားဘာဖြစ်လို့လဲပြော...
ဘယ္ကိုလဲ ဘယ်သွားမို့လဲ""လည်လည်....အပြင်သွားမို့"
"အဟက်...မနက်ကမှအပြင်ထွက်ထားတာကို ထပ်သွားချင်နေပြီ လူလည်လေး"
"နောက်ထပ်...ဟင့်...
သားသားပျင်း ပါပါး""ဒါန်းလေးနဲ့သွားဆော့လေ သားရဲ့
ဘာလို့ပျင်းတာလဲ...ကစားဖော်လည်းရှိနေတာကို""ဟင့်...အပြင်....
လမ်းလျှောက်သွားချင်...ဟင့်....""အဟွန်း...သား ဂေဟာကိုသွားချင်နေတာလား ဟုတ္လား"
ဂေဟာဆိုသည့်စကားပါလာတာနဲ့ခေါင်းငြိမ့်လိုက်တာများ ခေါင်းကလေးကိုပြုတ်မတတ်...
အညိုရောင်ပွစုတ်စုတ်ခေါင်းကလေးက တလှုပ်စိစိမို့သားကိုအသည်းယားကာ ပြုံးလိုက်ရယ်လိုက်ဖြစ်နေရသည်..."ညေနက် ဒယ်ဒယ်ရောက်မှာလေ သားရဲ့
သားကအပြင်မသွားချင်နဲ့
နောက်နေ့မှ ဒယ်ဒယ်နဲ့အတူထပ်သွားမယ်...ဟုတ်ပြီလား""ဟင့်အင်...ဒယ်ဒယ်နဲ့ သပ်သပ်"
"သပ်သပ်မရဘူး....အတူတူဘဲရမယ်...
ဒီနေ့အပြင်ထပ်မထွက်ရဘူး""ဟင့်...ပါပါးကောင်းဘူး...ဒယ်ဒယ့်ကိုကြောမယ်"
"ပြောပြော...စိတ်မဝင်စားဘူးနော် သိလား
မင်းတို့သားအဖကို""အီဟွန့်.....ပါး ကောင်းဝူး"
"အဟက်...သိရင်ပြီးတာပဲကွာ
လာ...အိမ်ထဲဝင်တော့""ဝင်ဘူး....ဂ်ကား...နားထောင်ဝူး...ဟင့်
အင့်ဟင့်....ဒယ်ဒယ်..."
သူဖြစ်ချင်တာမဖြစ်ရ၍ သူ့Daddyကိုတပြီး မိမိနောက်ကနေ စိတ်ကောက်ပြီးလိုက်ပါလာလေသူ
နောက်ကမလိုက်ဘူးတာဆိုသည်...ခေါင်းအမော့သားနှင့်စိတ်တိုပြီးရှေ့ကတတုတ်တုတ်ဝင်သွားသည့်သားကြောင့် လူကရယ်စရာဖြစ်နေတော့သည်