Lullaby-3🚨

10.6K 319 3
                                    

(Uni)
"ဒိုင်း.....ဒိုင်း......ဒိုင်း......"
သေနတ်သံ သုံးချက်နှင့်အတူ မြက်ခင်းပြင်ထက် လဲကျသွားသည့်. လူသုံးယောက်ကြောင့် Z၏နှုတ်ခမ်းစွန်းမှာ အပြုံးတစ်ချက်လဲ့သွားလေ၏

Z လက်ထဲမှ သေနတ်အား Jueလက်ဆင့်ကမ်းယူပီး
ကားအသီးသီးနှင့်အိမ်ပြင်ထွက်သွားကြသည့် jayနှင့်jue

"အမယ်လေး.....လူ.....လူ သတ်တယ်....
ဦးZ"
ပြတင်းပေါက်လိုက်ကာအကွယ်မှ ဒူးတွေတုန်နေမိသည့် သောတာ
Z အားချောင်းကြည့်ရင်း အနားထပ်ကပ်ဖို့ လုံးဝမရဲတော့

အိမ်ရှိရာဘက် အကြည့်ရောက်မိစဉ် လိုက်ကာအကွယ်မှဖြတ်ခနဲမြင်လိုက်ရသည့် ကောင်ကလေးကြောင့် Zအပြုံးကမဲ့သွားလေပြီး
"မြတ် စေ သော တာ"

နာမည်အားတစ်ခွန်းခြင်း ရေရွတ်မိရင်း လိုက်ကာလေးအကွယ်ရှိ ထိုကလေးရှိရာသို့
ပြတင်းပေါက်ဘောင်အား အားယူကိုင်ထားလျက်
အရှေ့သို့ တည့်တည့်လျှောက်လာသူအား မကြည့်ရဲကြည့်ရဲကြည့်နေမိသည်က ကြောင်အမ်းစွာ

"မြတ် စေ သော တာ"

"ဗျာ..."

"ငါ့နောက်လိုက်ခဲ့....."
ကြည်လင်ပြတ်သားလှသည့် လေသံသြသြနောက် တုန်တုန်ယင်ယင် ကပ်လိုက်သွားမိရင်း...သူ့ ခေါ်ဆောင်ရာက
Dinning Room သဖွယ်ကျယ်ပြန့်သော ထမင်းစားခန်းဆီသို့....

"ထိုင်...."
အခန်းထောင့်တစ်နေရာမှ barအသေးစားတစ်ခုအတွင်းသို့ဝင်၍....
"Chocolate ကြိုက်လား"

"ဗျာ....ဟုတ်
ဟုတ် ကြိုက်တယ်"

အဖြူရောင်ခွက်တစ်ခုအတွင်း ဟိုစပ်ဒီစပ်နှင့် chocolate ပူပူတစ်ခွက်ကိုဖျော်နေပီး တည်ငြိမ်လွန်းလှသည့် Z အား သောတာ ငေးမိပြန်သည်
တော်စဉ်ကလူကိုတဒိုင်းဒိုင်းပစ်သတ်ခဲ့ပြီး Chocolateပူပူတစ်ခွက်ကိုလာဖျော်နေပုံက အဆက်အစပ်ကိုမရှိ

အလုပ်သမားအသီးသီးမှာလည်း စကားတစ်ခွန်းမှ မဟကြ
လောကကြီး၌ သူနှင့်သောတာသာ သက်ရှိတွေလိုပင်....

"ရော့....ကိုင်ခဲ့"
Choolateပူပူ တစ်ခွက်ကိုတလှည့် သူ့ကိုတလှည့်ကြည့်နေမိသည်
ထို့နောက်...သူ့နောက်မှထပ်ကြပ်မကွာ ကပ်လိုက်ခဲ့ရပြန်သည်
🥀🥀🥀🥀🥀🥀
အိမ်ဝန်းကျယ်၏ တစ်နေရာ....
"ဟင့် ဟင့်အင် ဦးZ....သောတာ မလုပ်"

Lullaby...(Let Me Be Yours)Where stories live. Discover now