Let Me Be Yours-11

1K 46 6
                                    

(Uni)

သားနှင့်သမီးလေးရလာပြီးကတည်းက Teddy၏ အောင်မြင်မှုဟာထိန်းမရအောင်အထိဖြစ်တည်လာခဲ့ပြီး အလုပ်တွေများနေတတ်လှသည်
အရင်လို ပါပါးတောင်နောက်ကအမြဲလိုက်လာမပေးနိုင်တော့ပေ...သူကလည်းသူ့မြေးတွေနဲ့ချည်းနေချင်နေတာမို့ Teddyမိမိသွေးသားတွေကိုအရှုံးလုံးလုံးပေးထားရတာဖြစ်သည်

အိမ်နှင့်မကပ်ရတာများလာတော့ သူ့သားသမီးလေးတွေနှင့်လည်း အိမ်ကလူတွေထက်ပို၍စိမ်းလေသည်
သနေ္ဓတူသုံးကောင်သားမို့ ညှိမရတာနဲ့ရန်ချည်းသတ်နေကြတာဖြစ်၏...မျက်လုံးချင်းစုံတာနဲ့ရန်စကားအပြင်ပြောမထွက်ကြချေ...

Teddyက ကလေးမချစ်တတ်ပေမယ့် သူ့သားသမီးဟူသောသံယောဇဉ်ရှိတာကိုတော့ဖုံးကွယ်၍မရချေ...မတည့်ဘူးဆိုတာကိုတောင် အလုပ်ကပြန်လာရင်သားနှင့်သမီးကို စလိုက်နောက်လိုက်နှင့်ကစားပေးတတ်သေးလေ၏

သူ့မှာကလေးတွေ၏ရန်ရှာသံကြားရမှနေသာတာဖြစ်ခြင်းကို အိမ်ကလူတွေကရိပ်မိပါသည်

ဖခင်အရင်းကအချစ်ပေါ့သည်ဆို၍သနားစရာတစ်ချက်မှမရှိအောင်ကို အိမ်မှာဗိုလ်ကျရသည့်အမွှာနှစ်ယောက်ကို Zing နှင့် Miraဟုခေါ်တွင်လေသည်
အဖိုးနှစ်ယောက်ဆိုရင်နေစရာမရှိထားစရာမရှိအောင်ကိုသည်းသည်းလှုပ်ဂရုစို်က်အချစ်ပို၍ အိုဗာကွန်ဖီးဒန့်နေကြသောနှစ်ယောက်က သူတို့ဖေဖေTeddy၏ ချစ်ချစ် ပါပါးလင်္ကာကိုလည်းသိပ်ချစ်ကြတာဖြစ်၏

လင်္ကာကမှသူတို့အဖေသတ်မှတ်ထားကြသူတွေနှင့် ZingရောMiraရယ္က သူတို့ကိုလည်း သူ့ကိုကိုကလေးတွေဟုသာသတ်မှတ်ထားသူ Teddyရယ်နှင့်က တကယ်လိုက်ဖက်နေကြတာဖြစ်သည်

ယခုလည်းအလုပ်ကပြန်လာပြီးအနားယူချင်လွန်းလှပြီဖြစ်သည်...ကိုကိုကလည်းအိမ်မှာမရှိချေ...မြန်မာပြည်ကိုအလည်ပြန်တာအနည်းဆုံးတစ်လခန့်ကြာမည်
တစ်နှစ်မှာတစ်ခါမျှသာပြန်တတ်လေသော်လည်း အမွှာလေးတို့ငယ်စဉ်ကသူအိမ်ကိုလုံးဝမပြန်ခဲ့ချေ....ကိုကို့မေမေကသာ ဒီနိုင်ငံကိုလိုက်လာပြီးမြေးတွေဆီအချိန်လာပေးရတာဖြစ်သည်

ယခုနှစ်တော့၃နှစ်ထဲဝင်နေကြပြီဖြစ်သော ကလေးနှစ်ယောက်ကို စိတ်ချလက်ချထားခဲ့ပြီးအိမ်ပြန်သွားခြင်းဖြစ်သည်
ပါပါးဦးမဟူရာအသွေးကလည်း သူ့မြေးတော်တွေကိုမျက်စိအောက်ကအပျောက်ခံတာရှား၍ ကိုကိုကအိမ်ကိုစိတ်ဖြောင့်စွာပြန်တာဖြစ်သည်

Lullaby...(Let Me Be Yours)Where stories live. Discover now