Let Me Be Yours-3

1.6K 72 5
                                    

(Uni)
ကိုသမိုင်းနောက်ကိုထမင်းစားပြီးကတည်းကလိုက်သွားတာကို ၃ နာရီလောက်မှအိမ်ပြန်လာခဲ့သည်
ကိုသမိုင်းကတော့ နေမကောင်းသည့်ကလေးတစ်ယောက်ကို ပုလင်းကြီးချိ်တ်ပေးထား၍ စိတ်မအေးနိုင်ဖြစ်ကာလိုက်မလာသေးပေ

အလာတုန်းကလည်းခြေလျင်ပဲမို့ အပြန်လည်းခြေလျင်သာပြန်ခဲ့လိုက်သည်
ဂေဟာနဲ့အိမ်နဲ့ကတစ်လမ်းကျော်ယုံလေးသာမို့ ဘာမှမဝေးပေ

သောတာငယ်ငယ်တုန်းကဒီပတ်ဝန်းကျင်တွေမှာကျင်လည်ခဲ့ဖူးပါသည်...
ယခုတော့အများကြီးတိုးတက်နေလေပြီဖြစ်၏...
သိူ့သော်...သိပ်မပြောင်းလဲပါသော နေရာလေးတစ်ခုကြောင့် သောတာစိတ်ဝင်စားမိသွားသည်...

ယခင်ကဂေဟာကိုသွားတိုင်းကားနှင့်မို့ သိပ်အာရုံမရမိ...ယခုတော့သေချာကြီးကိုမြင်နေရ၍ ထိုနေရာကိုခြေဦးတည်လိုက်မိသည်
သာမန်အကြော်တဲကလေးတစ်ခုပါ...နေရာကချောင်ကျသည်မို့ဧည့်သည်ရှင်းနေလေသည်

ထိုဆိုင်လေးဆီခြေဦးတည်မိလိုက်သည်
အဲ့ဆိုင်ကမိသားစုကို သောတာမှတ်မိနေသည်
သောတာအဖေရင်းကUSကိုခေါ် မသွားခင်အချိန်က ကိုယ်ဝန်နှင့်အကြော်သည်တစ်ယောက်ကိုသေချာမှတ်မိသည်...
ထိုအကြော်တဲလေးစဖွင့်ပြီး၁လမပြည့်ခင်သောတာအဖေ့နောက်လိုက်သွားရလေပြီဖြစ်၏

ယခင်နေရာအဟောင်းလေးအကြောင်းတွေးနေရင်းကနေထိုနေရာကိုခြေဦးတည့်မိပါတော့၏...
ဈေးဝယ်သူတစ်ယောက်စနှစ်ယောက်စရှိနေပြီးတော့ဈေးဝယ်ကခဏပြတ်သွားလေသည်...
သောတာလည်းဆိုင်ထိုင်ချင်၍ ဆိုင်မှာပဲအကြော်စားဖို့ဆုံးဖြတ်လိုက်လေသည်...

"အန်တီမင်္ဂလာပါဗျ"

"အော်...အေးအေး...သားဆိုင်မှာစားမှာလားဟင်"

"ဟုတ်ကဲ့အကြော်တစ်ပွဲပေးပါဗျ"
အသားအရေဖြူရော်ရော်နှင့်အန်တီအားကြည့်မိရင်း သောတာသနားနေမိသည်
ယခင်ကဒီအန်တီကသိပ်လှသည့်အမျိုးသမီးဖြစ်သည်...

ဖြစ်ချင်တော့သောတာဆိုင်ထိိုင်ကတည်းက လူရှင်းသွားလေ၍ စကားစချင်နေသည်ကိုစမိတော့သည်...
အကြော်ဖိုကမီးအေးနေလေပြီး အကြော်တော့ဆက်မကြော်တော့ပဲ ဆိုင်ပင်သိမ်းခါနီးနေပြီလားတော့မသိတော့

Lullaby...(Let Me Be Yours)Where stories live. Discover now