Lullaby-23

2.8K 115 13
                                    

(Uni)
"ဝါး....အား....ဒါန်း...အား..."

"ကျစ်....သွားပြီသွားပြီ...ငါတို့တော့ဒီညသွားပြီ..."

"အဟက်...videoလေးရိုက်ပေးထားတယ်ဗျာ...ငိုငို...သားရေ ငိုကွငို"
သားရှေ့မှာထိုင်လိုက်ပြီး I padဖြင့် သားငိုနေသည်ကို မှတ်တမ်းတင်နေ၍နောက်ကျောကြီးကိုကန်သာပစ်လိုက်ချင်တော့သည်

ဒါကသားကြီးလာရင် သားကို သူအောက်ဖဲလှန်ဖို့အကွက်ဆင်နေတာတွေဖြစ်သည်
သားကပါးစပ်ကလေးအပြဲသားဟပြီးမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေသည်ကို ရှေ့ကခွီးနေသည်ကသူ့Daddy သွေးZလှိုင်း...

သွေးချင်းဋီကာ တို့ကလည်းတကယ်ကိုစိတ်ကူးတပေါက်ထငိုတာဖြစ်သည်...
ဒါန်းလေးက ဒီနေ့လည်မှပြန်သွားတော့ သူနိုးနိုးချင်းလည်း ဒါန်းကိုမတွေ့ရ ညနေလည်းမတွေ့ရမို့ ညရောက်တော့အတည်ကြီးစိတ်ပေါက်သွားကာအော်ငိုသည်ကလွယ်လွယ်ချော့လို့ရမည်မထင်

"သားရေ...ဒါန်းက ပြန်သွားပြီလေ"

"ဝါး.....ဟွန့်အင်....ဝါး..."

"ကျစ်...သားကိုချော့စမ်း သူတောင်းစားရဲ့
ရိုက်နေတာကိုရပ်လိုက်"

"အဟက်...သားပါးစပ်ကလေးပြဲနေပြီနော် ထပ်အော်အုံး အော်အုံး...."
သားကသူ့ကိုအာရုံမရတော့ ဒါန်းကိုမတွေ့၍သာ စိတ်ပေါက်နေဟန်ဖြင့် ပိုတိုးငို၍ အသွေးမနေသာတော့...
Z၏ခေါင်းကိုတွန်းထုတ်လိုက်ပြီး သားကိုပွေ့ချီ၍ ကျောလေးပွတ်သပ်ပြီးချော့ပါသော်လည်း တိတ်ဖို့လမ်းမမြင်...

"ပြန်ပြီလို့ ဒါန်းက
သားကငိုမနေနဲ့ ဘာလို့ငိုနေတာတုန်း...တကယ်ပါပဲ"

"ဝါး.....အား....ဒါန်း..."

"အေးပါကွာ...ဒါန်းက ဖိုးဖိုးတို့ဆီပြန်ပြီလေကွ သားလေးရ
သားလွမ်းလို့လား သားဒါန်းကိုသတိရလို့လား...ဟုတ်လား ပြောပြပါအုံးပါပါးကို...သားလွမ်းနေပြီလား...ဟုတ်လား"

"အီး...ဝါး...ယွီးယီးမစ်(really miss)...ယွီးယီးမစ်(really miss)...ဝါး....ဒါန်း...."

"ဟာ့ဟား...အေးပါအေးပါ သားက ဒါန်းကိုလွမ်းနေတာ ပါပါးလည်းလွမ်းတယ်လေဒါန်းလေးကို...နော်...ပါပါးလည်းလွမ်းတာပေါ့
သားနဲ့ပါပါးနဲ့အတူတူပဲ သားကမငိုနဲ့တော့...တိတ်တိတ်...ငိုရင် ဒါန်းကအိမ်ကိုလာမလည်ပဲနေလိမ့်မယ်နော်..."

Lullaby...(Let Me Be Yours)Where stories live. Discover now