Let Me Be Yours-15

1.1K 39 4
                                    

(Uni)

-UNTITLED-

ကြက်ဥလိပ်ကောင်းကောင်းမကြော်တတ်တာမို့ တခြားလွယ်ကူမည်ထင်သည့်ဟာလေးနည်းရှာပြီး လုပ်ကျွေးဖို့စဉ်းစားတော့ အသားလုံးကြော်ကအရသာရှိမည်ထင်၍ ချစ်ရသောအသွေးကို ကျွေးချင်စိတ်ဖြင့် နိုးကတည်းကတစ်ယောက်တည်းလုံးပန်းနေရသည်

သူကကိုယ်တိုင်ကြမ်းနေတော့ ဘေးက အိမ်ကလူတွေမျောက်မီးခဲကိုင်သလို ဖင်တကြွကြွစိုးရိမ်နေကြတာဖြစ်သည်
သွေးZလှိုင်းက သူချက်ချင်တာလုပ်ချင်တာမရရင် ဒေါသတွေထွက်နေတာမို့ ဘေးမှာ သူ့ကိုထိုင်ဟားနေမည့် အသွေးကလည်းမရှိဆို ဘေးကလူတွေအရမ်းလန့်နေကြသည်
ဒီအတိုင်းကြည့်ရင် Boss၏ ခန္ဓာကိုယ်ကဒေါသအငွေ့တွေကအရောင်အဝါနဲ့ထွက်နေတာသိသာလွန်းလှသည်

သူ့ချစ်လင်ကိုကျွေးချင်၍သာသူစိတ်အရှုပ်ခံနေတာဖြစ်သည်
မဟုတ်ရင် ဝုန်းဒိုင်းဆိုလွှင့်ပစ်မှာအသေအချာ

သူ့ယောကျာ်းကိုသူလက်စွမ်ကပြချင်ပေမယ့် လက်နက်သာကိုင်တာကျွမ်းသူမို့် ချက်တာပြုတ်တာမှာ ပြိုင်စံရှားညံ့သည်
ခေါက်ဆွဲပြုတ်တောင် အသွေးကစားပေးတာမို့တော်သေးပေမယ့် ရေများတာနည်းတာသေချာ မလုပ်နိုင်တဲ့အထိညံ့သည်

အသွေးကတော့အရသာဆိုးဆိုးကောင်းကောင်း တူးနေလည်း မိမိကလုပ်ပေးရင်စားသည်
ထို့ကြောင့် စိတ်မကောင်းတာမို့ နောက်ပိုင်း ဟင်းချက်သေချာသင်ပြအသွေးကိုချက်ပြုတ်ကျွေးရင်းအချိန်ကုန်သွားချင်င်စိတ်တာရှိ၏

ယခုလည်းအဆင်ပြေပြေလုပ်နိုင်ခဲ့ပြီမို့ မနိုးသေးသောအသွေးဆီအပြေးတပိုင်းသွား၏ အိပ်ယာပေါ်အထိတက်ပြီး နှိုးကာ မျက်လုံးပင်မဖွင့်လာသူ ပါးစပ်ထဲခွံ့တော့ ဟိုကဝါးသာဝါးပြီး တုန့်ပြန်သံမပေါ်လာ
"ကောင်းလား"

"......"

"ဟင်...ကောင်းရဲ့လားလို့"

"ဟွင်း...အွန်းလို့...ငါ့ကိုကောင်းကောင်းအိပ်ခွင့်ပြုစမ်းပါ သွေးZလှိုင်းရယ်
မြေးတွေရှိရင်လည်းအိပ်ရေးဝအောင်မအိပ်ရ...မရှိရင်လည်းအိပ်ရေးဝအောင်မအိပ်ရနဲ့ငါ့ဘဝက..."
ပွစိပွစိငြီးငြူနေသော အသွေး၏ပါးတွေကိုဖိညှစ်လိုက်တော့ အိပ်နေရင်းကနေမျက်မှောင်ကုတ်၏

Lullaby...(Let Me Be Yours)Where stories live. Discover now