Lullaby-10🚨

5K 149 20
                                    

(Uni)
"မမ....."
သောတာ၏တုန်ယင်သံစွက်ခေါ်သံကြောင့် Jue အခန်းဝကိုလှည့်ကြည့်လိုက်မိလေရာ အထုပ်ကြီးအထုပ်ငယ်ပေါင်းစုံဖြင့် မနိုင်မနင်းဖြစ်လာဟန်သောတာကြောင့် အပြေးတပိုင်းကူသွားကြိုမိလေသည်
သောတာမျက်နှာလေးကလည်းငြိုးငယ်နေလေ၍ လက်ဖျားလေးတွေကလည်းအေးစက်ကာနေလေ၏

"ကလေး...ဘာဖြစ်လာတာလဲ"

"ဟင်...."

"နေမကောင်းဘူးလား
အကိုသွေးနဲ့အပြင်သွားတာတစ်ခုခုဖြစ်ခဲ့လို့လားဟင်
အကိုသွေးကဆူလိုက်လို့လား"

"မမ....ဟုတ်ဘူး
ဒါတွေ....ဒီဟာတွေအကုန် ဟို...ပါပါးကဝယ်ပေးတာ
ဟို မမအတွက်လည်း ဒီနှစ်ခု ပေးလိုက်သေးတယ်"
Diorတံဆိပ်အိတ်နှစ်ခုကို Jueဆီကမ်းပေးလေသည်...အကိုသွေးကအိမ်လာလည်တိုင်း Zအိမ်တော်ကလူတွေကို လက်ဆောင်အမြဲဝယ်ပေးနေကျမဟုတ်ပါလား
သောတာလေးအားလည်း သူ့မွေးစားသားအဖြစ်ခေါ်သွားမည်ဖြစ်ပြီး ကလေးအတွက်လိုအပ်မည့်အရာရာကို ဝယ်ပေးလိုက်လေဟန်တူသည် အထုပ်ဆယ်ထုပ်ခန့်လည်းသောတာမှာပါလာလေသည်

အတွေးပင်မဆုံးသေး....အိမ်ဝန်ထမ်းနှစ်ယော်ကအခန်းဝလာရပ်၍
"Jue....သောတာလေးရဲ့ပစ္စည်းတွေ ဒီအခန်းထဲယူလာပေးရမလား သောတာလေးအခန်းထဲသွားပို့ပေးထားရမလားဗျ"

နောက်ထပ်ပါဆယ်အထုပ်နှစ်ဆယ်လောက်ဖြစ်နေ၍ Jueပင်မျက်လုံးပြူးမိလေသည်
အကိုသွေးကတော့ သူ့သားကိုအကုန်စတင်ဖြည့်ဆည်းပေးနေလေပြီက လိုလေသေးမရှိ

"သောတာလေးအခန်းထဲပဲသွားထားပေးလို်က်"

"ဟုတ်ကဲ့ဗျ"
Zအိမ်တော်မှာမြန်မာဝန်ထမ်းတွေများလေ၍ အတော်လေးအဆင်ပြေလေသည်
အတွင်းရေးလည်းလုံကြလေ၍ သိပ်အားကိုးယုံကြည်ရကြသည့်ဝန်ထမ်းတွေနှင့်ပြည့်နက်နေသည့် နေရာ

"အဟင်း...ဦးသွေးက သောတာအတွက်လိုရမယ်ရလေးတွေအကုန်ဝယ်ပေးလိုက်တယ်ထင်တယ်"

"သူ...ဟို...ပါပါးက စမ်းဝတ်ကြည့်ခိုင်း စီးကြည့်ခိုင်းပြီး ဘာမီလည်းမပြောဘူး အကုန်ဝယ်ပေးနေတာ
စောနက အကိုနှစ်ယောက်နောက်ကအထုပ်တွေသယ်လာကြတယ်ဈေးဝယ်တုန်းက...အိမ်ထဲရောက်မှ သားဖို့ဆိုပေးတာတဲ့မမရယ် အများကြီးပဲ ကြောက်တောင်လာပြီ...."
သောတာပုံစံလေးက ထိုပစ္စည်းတွေကိုလက်ခံယူလာရသည့်အတွက်အားနာတုန်ရီကာကြောက်လန့်နေခြင်းပြည့်နှက်နေဟန်....

Lullaby...(Let Me Be Yours)Where stories live. Discover now