Lullaby-14🚨

4.3K 120 25
                                    

(Uni)
တပတ်တောင်ကြာလေပြီဖြစ်သည်
အသွေးသူ့ကိုအဆက်အသွယ်ကိုမခံ...အိမ်ကလူတွေနဲ့လည်းစကားမပြောဟုသိရသည်
သူ့သားကိုသာစကားပြောသည်ဟုသိရ၍ သောတာဆီဆက်သွယ်၍ အသွေးနှင့်စကားပြော၍ရအောင်လုပ်ပေးပါဟုတောင်းဆိုရသည်

နောက်ဆုံးတော့Z တစ်ယောက် Switzerland အထိလိုက်သွားရပြီး ဆုံးဖြတ်ချက်တွေကိုခိုင်ခိုင်မာမာချပစ်မိသည်...
အသွေးကလွဲ၍လိုချင်သည့်အရာမှမရှိတော့ပြီမို့ အန်ကယ့်ထံထိပ်တိုက်သွားမိသည်...

အန်ကယ်ကတော့ မိမိကိုတကယ်စိတ်ကုန်နေသည်
"အသွေးကိုမှဖြစ်မှာလား မင်းညီလေးကိုမင်းရမှာဖြစ်မှာလား ငါ့တူရာ"

"ကျနော်အသွေးကိုပဲပိုင်ဆိုင်ချင်တာပါ
ဘာပဲပြန်ပေးရပေးရ....
ရှုပ်ထွေးနေတယ်မဟုတ်လား ကျနော်ပြောတာက....ဒါပေမယ့်....."

"အဲ့ကောင်ကကြာလေဆိုးလေ
ငါ့လည်းကလန်ကဆန်နဲ့ရယ်...ငါဘယ်လိုထိန်းရမှာလဲသူ့ကို
မင်းတို့မစခဲ့သင့်ဘူးဒီဇာတ်လမ်းကို...မင်းတို့ကအမျိုးတွေလေကွာ...ခွေးကောင်တွေရဲ့"

"ဘယ်လိုလုပ်ရမလဲ အသွေးကိုအပြီးခေါ်သွားရမလား
အန်ကယ်ကျနော်တို့ကြောင့်ရှက်နေရင်လည်း ကျနော်တို့ကိုစွန့်လွှတ်လိုက်ပါ"

"အသက်နှစ်ဆယ်တောင်မပြည့်သေးဘူး အလုပ်ထဲဝင်ချင်တာလဲမင်းတို့ပဲ ခုချက်ချင်းရပ်ချင်တာလိုလိုဖျတ်ချင်တာလိုလိုလုပ်ကြတာလဲမင်းတို့ပဲ
ဒါကစားပွဲမဟုတ်ဘူးကွ ရပ်ချင်တိုင်းရပ်ရအောင်"

"ဒါဆို ကျနော်တို့ကိုရှေ့ဆက်ခွင့်ပေးလေ..."

"ဘာလို့သမာရိုးကျရှင်သန်ဖို့စိတ်မကူးကြတာလဲ"

"သူ့ကိုချစ်မိသွားလို့....သူကလွဲရင်လွယ်လွယ်စွန့်လွှတ်ဖို့တွေးနိုင်သွားတာ...
အသွေးကိုကျနော့ကိုပေးပါ...
ကျနော်ပဲပိုင်ဆိုင်ပါရစေ"
🥀🥀🥀🥀🥀🥀🥀🥀🥀
အသွေးအခန်းရှိရာသွားမိတော့ အခန်းကပိတ်မထားပေ....သောတာလည်းရှိနေပြီး အသွေးအနားမှာကပ်ထိုင်နေလျက် ဘာတွေဖောင်ဖွဲ့နေကြသည်မသိ....
မိမိတော့လွမ်းရတာအရူးနှယ်...သူကသူ့သားနဲ့ဆိုအဟုတ်....

Zကိုမြင်တော့အံ့သြဟန်လည်းမမြင်...သူရောက်သည်ကိုသိထား၍ဖြစ်လေမည်...
မိမိသူတို့ဘေးရောက်လာသည်ကိုပင်အာရုံမစိုက် သောတာကသာနှုတ်ဆက်လေသည်...
ကလေးလည်းမိမိတို့ဆက်ဆံရေးကိုသိထားပြီးဖြစ်လေမည်...သူ့ပါပါးစိတ်ကောက်နေသည်ကိုသိရှာလေသည်

Lullaby...(Let Me Be Yours)Where stories live. Discover now