Lullaby-8

4.5K 151 15
                                    

(Uni)
"နာသေးလား"

"ဟင့်အင်...အ့....
-ီးအ့ သာသာနှိပ်ကွ အာကျွတ်ကျွတ်"
မျက်လုံးစုံမှိတ်ကာအသားကုန်အော်လေသည့်ပုံက အလိုလိုချစ်စဖွယ်ကောင်းနေလေသည်

"မနာတော့ဘူးလို့ငြင်းမလို့မို့လား"
မိမိပေါင်ထက်က ခြေထောက်ဖွေးဖွေးလေးကိုငုံ့ကြည့်မိ၍ပြုံးမိကာ လက်ဖဝါးပြင်ကြီးဖြင့်ပိုမိုထွေးဆုပ်ကိုင်ထားလိုက်သည်

"ခုမင်းအသေနှိပ်နေတာလေ
နာတယ်"
ဒဏ်ကြေဆေးလိမ်းပေးနေသော Zလက်ကိုဖယ်ရန်လက်တရွယ်ရွယ်ဖြစ်နေသောအသွေးလက်ကို Zကပြန်ပုတ်ထုတ်၍ ခြေကျင်းဝတ်ကိုနှိပ်ပေးနေမိသည်
ဒီကောင်လေးပြောလျှင်မနာဘူးငြင်းအုံးမယ်...တကယ်ကနာမှာကြောက်ပြီးခြေထောက်လေးတရွံ့ရွံ့လုပ်နေခြင်းပါပင်
Leather ဆိုဖာကျယ်ကြီး၏အလည်တွင် တစောင်းအနေထြဖြင့် ကွေးကွေးလေးလှဲနေသောအသွေး
Zကိုမကြည်ကြည့်ဖြင့်ရန်မူနေပြန်သေးသည်

မကြီးမငယ်နဲ့လှေကားဆင်းမှာခြေခွေကျပြီး ယခုအထိဒဏ်ကအနည်းနဲ့အများပိနေဆဲမို့ နာနေသေးလေမည်
Zလက်အားသန်သန်ဖြင့် မနာမသာလေး ဖိနှိပ်ပေးနေတော့ ဖွေးဥဥခြေကျင်းဝတ်က ရဲဖောက်လာတော့သည်
တကယ်ကိုအထိမခံအသားအရေမျိုးလေးဖြစ်သည်

ထိုသည်ကိုပင် အကွင်းအကွက်အညိုအမဲစွဲစေအောင်မိမိကပါးစပ်လွန်လက်လွန်မိနေ၍ ပါးစပ်အတော်စည်းစောင့်ရအုံးမည်ကိုနှလုံးသွင်းမိပါသေးသည်
ခြေတံကိုပေါင်ပေါ်တင်ထားလျက်မှ ဖွေးဥဥနို့ခဲအရောင် ပေါင်တံသွယ်ကျစ်ကျစ်ကိုငုံ့၍အသာလေးနှာတံနှစ်၍နမ်းရှိုက်လိုက်တော့ မျက်ခုံးတန်းတွေချိုးကွေးပြီးကြည့်နေပြန်ပုံက သူလုံးဝမနှစ်မြို့သည့်ပုံစံ
သူ့အကြောင်းကိုမိမိကမသိပါသည်လည်းမဟုတ်
သူ့ကိုချစ်နေသည်ကိုသူသေချာပေါက်သဘောကျရှာပါသည်

"အမြဲတမ်းပြစ်မှားမနေနဲ့"

"ပေါင်ကိုနမ်းယုံပဲလေ"

"အဟမ်း...အဟက်...ယုံလိုက်မယ်"

"ယုံဖို့လည်းတောင်းဆိုမနေပါဘူး
အခုအသွေးရောက်နေတာ ကိုကြီးပိုင်နက်ထဲမှာလေ"
လက်ချောင်းရှည်တို့ဖြင့်မွှေးညှင်းနုနုလေးတွေသာရှိသည့် ပေါင်တံဖွေးဥဥလေးကိုငြင်သာနုရွစွာပွတ်ဆွဲနေလေတော့

Lullaby...(Let Me Be Yours)Where stories live. Discover now