Lullaby-19

2.9K 115 15
                                    

(Uni)
ရေချိုးခန်းထဲမှအတင်းပြန်ဆွဲခေါ်လာပြီး မနက်စာစားခိုင်းမှ ငြိမ်သွားသည်
များများမစားနိုင်သော်လည်း ထအန်လိုက်ပြန်စားလိုက်နှင့် သူ့အခြေအနေကြည့်ရတာ လူကိုခြောက်ခြားလာမိလေသည်...

"နို့သောက်မလား Chocolate သောက်မလား"

"Choco"

"အပူလားအအေးလား"

"-ီး....§ရစ်မရှည်ပဲငါ့ကိုChocolateအရည်ဖြစ်ရင်ပြီးရောတိုက်စမ်းတော့
စိတ်ကရှည်မနေဘူးနော သွေးZလှိုင်း"

"Okay...okay i knowပြီ"

"-ီးကို knowနေလိုက်...အယ်...မင်းစားနေတာပေးစမ်း...စားကြည့်ရအောင်"
Zက နို့ခဲတစ်မျိုးကိုစားနေ၍ လက်ကလေးကလာလှမ်းပြန်သေးသည်မို့ သူ့ပါးစပ်ထဲထည့်ပေးလေတော့

"ဝေါ့....အော့....
ညှီတယ်"

"ရော...မင်းပဲ"

"ညှီတာကိုပြောပါ့လား...-ီးမို့လာခွံ့နေတာလား"

"အောကဲ...."

"ဟင့်....ငိုချင်စရာ အနံ့ကြီး"

"ရော့....ဒါငုံလိုက်"
ကဗ္ဗလာဖျော်ရည်မော့ခိုင်းလိုက်မှ ရှုံ့မဲ့မဲ့ကနေပြန်ငြိမ်သွား၏....မဟူရာအသွေးက အထက်လူသာဖြစ်ခဲ့ရင်သးကချည်း ဆိုးနေချွဲနေမည့်အကောင်လေး.....

မိမိရထားတာက ကံကောင်းသလားကံဆိုးသလားတော့မသိ...အတော်တော့စိတ်ကြည်စရာကောင်းပါသည်....

ရေသာတို့ကလည်းဖုန်းတောက်လျှောက်ခေါ်နေ၍ ဒီမှာရောက်နေကြောင်း အကြောင်းကြားထားရသည်...
အိမ်ကလူတွေကပိုကိုပိုတယ်ဟုသူကပြောပြန်သေးသည်...ထင်ရာလုပ်နေသည့် သူ့ကိုယ်သူဘယ်တော့မှအပြစ်မဖွဲ့အောင်ချစ်သည့်အသွေး...

သူနှင့်ယှဉ်ရင်သူမှသူ...ရံဖန်ရံခါမိမိကိုအပျော်ချစ်ပြီးသူ့ဘာသာအတည်ချစ်နေသည်လားတောင်မနည်းပြန်တွေးယူနေရလေသည်....

"ရော့...."
Chocolate ပူပူလေးဖျော်ပေးပြီးပြန်ယူလာသည့်တောက်လျှောက်မှုတ်ပေးနေမိသည်မို့ခပ်နွေးနွေးသာကျန်တော့မည်...

"ဘာလို့မှုတ်လာတာလဲ"

"မပူအောင်လို့"

"တံတွေးတွေဝင်ကုန်ရင်ဘယ်လိုလုပ်မလဲ"

Lullaby...(Let Me Be Yours)Where stories live. Discover now