Lullaby-21

2.7K 116 11
                                    

(Uni)
"သားကချစ်စရာလေးကွာ..."
သတ်မှတ်ချိန်ကျသည်နှင့်ချက်ချင်းပြန်လာလေသူက ဆေးရုံရောက်ရောက်ချင်း မငိုပါပဲမျက်ရည်တွေကျနေ၍ အသွေးကသာတဖန်ပြန်နှစ်သိမ့်ရသည်

အသွေးကိုသူကစိတ်တိုသေး၏
ဒါမျိူးလုပ်ရက်ကိုလုပ်ခဲ့၍စိတ်တိုပါသည်တဲ့လေ....
ယခုတော့ သားကိုအတူရပ်ကြည့်နေရင်း ပြန်အဆင်ပြေနေမိကြသည်....

"ကိုနဲ့တူတာ အသွေး"

"မင်း သားကမင်းနဲ့မတူလို့ဘယ်သူနဲ့သွားတူရမှာတုန်း"

"အခုထိ အသွေးနဲ့မတူလာသေးဘူးလေ..."

"မတူတော့ရော -ီးဖြစ်သွားသလား
ငါ့ဗိုက်ထဲလွယ်မွေးထားရတဲ့ကလေးပါ သားက
ဖင်လာယားမနေစမ်းပါနဲ့"

"အသွေးသားရောဟုတ်ရဲ့လား...ဒီချစ်စရာပေါက်စလေးကကိုယ်နဲ့လာတူနေတော့လေ
တွေးစရာဖြစ်နေပြီ"

"ဘယ်တူမလဲ ငါကမင်းကိုအပျော်ကြံခဲ့တာလေ...သားရသွားပြီဆိုတော့ ငါလိုချင်တာပြည့်သွားပြီမလို့ မင်းကိုခွာချတော့မှာ"

"ကိုကအပျော်ကြံခံခဲ့ရတာလား"

"အွန်း"

တကယ်များအပျော်ကြံခဲ့ရတော့တာလားတော့မသိ
စကားပြောနေပုံကမိမိကိုတစက်မှမကြည့်...သီသန့်ခန်းလေးထဲကသားကိုကြည့်၍သာနေ၏...

သားကအသားလေးတွေကမမှန်သေးတော့ရဲတွတ်တွတ်ကလေးဖြစ်နေဆဲ
သေးသည်ဆိုသော်ငြား Zသားကိုကြည့်ပြီးချီပွေ့ထားချင်လို့လက်တွေတောင်တုန်မိသည်...

တကယ်ကိုသားလေးကိုထိတွေ့ပွေ့ချီချင်နေပါပြီမို့ ဘေးကအသွေး၏ပခုံးလေးကိုသာခပ်သာသာဖိညှစ်နေမိသည်...

"ချီရဲပ့မလား ကိုကြီး"

"အွန်း...ချီချင်နေပြီ"

"တပတ်တောင်ရှိပြီ...သားကိုချီခွင့်မရသေးဘူး..."

"မနက်ဖြန်တော့ချီခွင့်ရမယ်တဲ့..."

"အွန်း...ဘယ်လောက်တောင်နူးညံ့နေပ့မလဲ အဲ့အထုပ်ကလေးက..."

"အထုပ်ကလေးကို အသွေးအရင်ချီလိုက်..."

"အွန်း...ငါအရင်ချီပေမယ့် ဒုတိယချီမယ့်လူကမင်းဖြစ်နေပေးပါ.....
မင်းတကယ်အဆင်ပြေပ့မလား"

Lullaby...(Let Me Be Yours)Where stories live. Discover now