Let me be yours-14

1K 52 2
                                    

(Uni)
ရေချိုးပြီးအဝတ်အစားရွေးနေသူ၏နောက်ကျောဘက်ကိုတိုးကပ်သွား၍ ပခုံးစွန်းလေးကိုနမ်းရှိုက်ပြီး အသာဖိကိုက်လိုက်တော့ မျက်မှောင်ကုတ်ကြည့်နေပုံက မျက်ခုံးရိုးကျိုးမတတ်

မဟူရာအသွေး၏ရန်ကျယ်ချင်ပုံက မဟားတရားချစ်စရာကောင်းလွန်းတာကို သူ့ဘာသာသိမည်လည်းမထင်
မြင်နေရသူမှာအသည်းယား၍အချစ်ပိုရလှသည်
ကိုကြာနုကြောင့် ရင်ခုန်သံကလတ်ဆတ်နေဆဲပင်
နှစ်ယောက်လုံးက အားကစားလိုက်စားပြီး ကျန်းမာရေးလည်းကောင်းမွန်ပြီးစိတ်ချမ်းသာအောင်နေကြရ၍ အရွယ်တင်လွန်းနေကြသည်လားမသိ
တစ်ယောက်နဲ့တစ်ယောက်အချေအတင်မဖြစ်ဖူးချေ...အသွေးစိတ်ဆိုးစိတ်ကောက်တာဆိုရင်လည်း သွေးZလှိုင်းမျက်ရည်မကျရတာမရှိ
တစ်ခါတစ်ခါ ရက်ရက်စက်စက်တွေပြောပြီး လူကိုလမ်းခွဲကြောင်းပြတ်စဲကြောင်းတွေပြောရင် အရှက်မရှိနှာရည်ထွက်မတတ်ငိုခဲ့ရတာတွေရှိသည်

အသွေးနှင့်ပတ်သတ်ရင် လူကခံနိုင်ရည်နည်းလှသည်ပြောပြော သူစိမ်းကားလျှင်ဝမ်းနည်းရတာချည်းပင်

အရင်က ဒုစရိုက်လောကမှာ ဆရာကျပြီး သတ်ဖို့ဖြတ်ဖို့ဝန်မလေးလွန်းသူ...လက်မတွန့်သူက အသွေးကိုခြေလွန်လက်လွန်တစ်ခါတောင်ဒေါသမထွက်ဖူးပေ
သားငယ်ငယ်လေးတုန်းကကွဲမယ်ပြတ်မယ်အထိ ပြသနာတစ်ခါတက်တုန်းကဆို ကိုယ့်ဘာသာထိခိုက်အောင်လုပ်ပြီးအသွေးကိုဆွဲထားခဲ့ရသည်အထိပင်

နားလည်မှုလွဲတာ သဝန်တိုတာတွေကနေပြသနာကကြီးခဲ့တာဖြစ်ပြီး ထိုတစ်ခါသာလျှင် တစ်သက်မှာတစ်ခါပြသနာဖြစ်ဖူးခြင်းပင်
အေသြးငိုတာ ထိုတုန်းကသာမြင်ခဲ့ဖူးသည်...စိတ်မချမှု စိတ်ပူမှုနဲ့စိတ်ဆင်းရဲမှုတွေနှင့်
နင့်သီးနေသောအသွေးမျက်နှာလေးကို ယခုအထိညှိုးနွမ်းစေတာမျိုး လုံးဝမရှိအောင်နားလည်မှုဖြင့်တည်ဆောက်ခဲ့သည်က ခိုင်မြဲစွာ

Zမျက်စိမှုန်၍ မျက်မှန်တပ်ရတာတွေကြုံလာရသည်
စာဖတ်ချိန်၌ဖြစ်၏....အသွေးကတော့မျက်မှောင်လေးကုတ်၍ဖတ်နိုင်သေးပြီး မျက်မှန်တော့မတပ်ရသေးချေ
"ဖယ်စမ်း...ပွတ်တီးပွတ်သပ်နဲ့"

Lullaby...(Let Me Be Yours)Where stories live. Discover now