Lullaby-9🚨

5.4K 168 17
                                    

(Uni)

"Morning...."

"အင်း....အွန်း
Take me back to the bed...Please"
သမ်းဝေရင်းတပိုင်းဖြင့် လက်ဆန့်ပေးလေသည့် အသွေးအား Zပြုံးကြည့်၍ ရင်ဘတ်ချင်းကပ်နေအောင်သိမ်းဖက်ချလိုက်သည်....အိပ်မှုန်စုန်ဝါးပုံစံလေးဖြင့် ဒီလူပျိုကြီးပေါက်စကိုမိမိမှာ ၁၀နှစ်သားဟုထင်မကုန်ထင်မဆုံးနိုင်သေး

မွှေးအီအီကိုယ်သင်းနံ့ရှိလေသည့်အသွေး၏ပါးပြင်နုနုကိုနှာတံကိုအတင်းဖိကပ်နှစ်၍ နမ်းရှိုက်လိုက်လေတော့ Z၏ဝင်သက်ထွက်သက်နွေးနွေးက အသွေးပါးတစ်လျှောက်စိမ့်ဝင်သွားသည်ကခံစားချက်တစ်မျိုး

"Hey....Back Time"
သြရှနေသည့်ရယ်သံလွင်လွင်ကြီးဖြင့်အသွေးအားဆွေ့ခနဲပွေ့ကောက်ချီလိုက်တော့ အသွေးခြေတံတို့က Zခါးထက်လိမ်ကျစ်၍ခွဖက်လိုက်ပြီး လည်တိုင်ကိုလည်းဖက်လိုက်ဖို့ကမမေ့ခဲ့

"Morning....."
တိုးသဲ့သောအသံလေးနှင့် မိမိနဖူးပြင်ကိုအနမ်းတစ်ပွင့်ဖြင့်လာပစ်ပေါက်သည့်အသွေးကြောင့် Zနှုတ်ခမ်းအေးစက်စက်တို့က အသွေးလည်တိုင်သို့ဦးတည်၍ ပွေ့ချီထားလျက်ကိုပင်အငြိမ်မနေ ပွတ်ထိကျီစယ်နေလိုက်ပုံက ညကရန်သတ်ထားကြသူများနှင့်လုံးဝမတူ

ချစ်ကြသည်ပဲလေ...ရန်ဖြစ်လည်းခဏတာပဲပေါ့
အလိုလိုစိတ်မကြည်မဖြစ်တော့ပဲ တင်းကြပ်နေအောင်ပွေ့ဖက်ထားပြီး အိပ်ယာကျယ်ထက်ပြန်ဦးတည်ကာ နှစ်ကိုယ်အတူယှဉ်ထပ်၍ အိပ်ယာပေါ်ထပ်ရောက်ခဲ့ရပြန်သည်
"အိပ်ရေးမဝသေးဘဲ ဘာလို့ထလာတာလဲ
ဟမ် အသွေးကြီး"
အူယားစွာဖြင့်နှာသီးဖျားကိုသွားဖြင့်ခပ်နာနာဖိကိုက်လိုက်ပြီး တဆက်တည်းငုံခဲထားမိပြန်သေးသည်

"မင်းကိုမတွေ့လို့"

"ကိုကြီးရေချိုးတော့မလို့....ပြတိုက်ကိုသွားရအုံးမယ်"

"အင်း...ဖြည်းဖြည်းပေါ့"
မိမိကိုခရီးမတွင်စေချင်ဟန်ဖြင့် ခါးထက်မှခြေတံတို့ကိုပိုမိုတိုးကျစ်နေအောင်ဖက်လိုက်ပြီး အပေါ်ပိုင်းမှာကျမျက်လုံးတို့ကအိပ်ရေးမဝသေးပြီမို့ ပြန်မှိတ်ထားပြန်သေးသည်

ထို့ကြောင့် Z ထိုကောင်လေး၏တင်ပါးတစ်ခြမ်းကိုခပ်ဆတ်ဆတ်ရိုက်လိုက်လေပြီး မှင်တည်စွာငုံ့ကြည့်နေမိသည်
မင်းတော့နာချင်ပြီဟူသည့် အကြည့်တို့ဖြင့်ငုံ့ကြည့်နေပါသော်လည်းအောက်ပုဂ္ဂိုလ်ကြီးကမျက်လုံးဖွင့်မလာပေ

Lullaby...(Let Me Be Yours)Where stories live. Discover now