Let Me Be Yours-8

1.6K 70 5
                                    

(Uni)
"ပါပါး...သားရဲ့ပါးပါး...ကျနော့ရဲ့ပါပါး...ချစ်ရတဲ့ပါပါး..."
လေသံကိုအမျိုးမျိုးလုပ်ပြီးသီချင်းလိုလုပ်ဆိုနေသည့် သားကြောင့် အသွေးပြုံးမိလေသည်
သားတစ်ယောက်ဘာတွေတက်ကြွနေတာရယ်မသိ...

"ငါ့သားဘာတွေဖြစ်"

"ပါပါး...သားကိုအားရှိမယ့်ဟာလေးတွေကျွေး ချင်ဘူးလား"

"သား ဘာစားချင်လို့လဲ
ပါပါးပြောပေးမယ်လေ"

"သား ကိုကို့ကိုစားချင်နေတယ်"

"ဟေ...သွေးZလှိုင်းသား မင်းလည်းလင်ဆာလာပြန်ပြီလား"

"ဟာ...ပါပါးကလည်း လင်ဆာတာဟုတ်ဘူးလေ
ကိုကိုဆာတာ"

"နေအုံးနေအုံး...လင်္ကာလေးကိုအိမ်အထိခေါ်လာကြီး မဖွယ်မရာတွေသွားလုပ်လို့ဖြစ်မှာမဟုတ်ဘူးနော်...
အဲ့တာ ဧည့်ဝတ်မကျေတာနဲ့အတူတူပဲ"

"ဟင်...သားကညကျကိုကို့ကိုတကယ်စားတော့မို့"

"မင်းကိုဘယ်သူကစားခိုင်းလို့တုန်း"

"သားဘာသာစားမှာလေ ဒယ်ဒယ်ကအကောင်းဆုံးအကြံတွေပေးပြီးသား သားစားတတ်မှာသေချာတယ်"

"သွေးချင်းဋီကာ...!!! "

"ဗ်ာ..."

"မင်းပထွေးကိုအခုငါ့ရှေ့ခေါ်ခဲ့စမ်း...သြား...အခုသွားခေါ်"

"ဟင်...ခေါ်ပေးချင်ပါဘူး ပါပါးကဒယ်ဒယ်လေးကိုလုပ်ပြန်တော့မှာ"

"-ီးဒယ်ဒယ်လေး...မင်းပထွေးမင်းကိုဘာတွေသင်ပေးလိုက်တာလဲပြောစမ်း"

"ဟို...ဘာမှထွေထွေထူးထူးမပြောဘူးနော်
ကိုကို့ဘက်ကစိတ်ပါရင်တော့ကြိုးစားကြည့်လို့ပြောတယ်...သားကိုကိုသေးသေးလေးနာသွားမှာစိုးရိမ်လိုက်တာ မနာတဲ့ဆေးရှိလားဟင် ရှိရင်မှာပေးပါအုံး ပါပါး"

"မင်း လင်္ကာဖင်ကိုသာထိုင်ကန်တော့နေလိုက်တော့ Teddy"

"ကိုကို့ဖင်လေးကိုကိုးကွယ်ပါတယ် ဆိုပြီးတော့လား"

"ငါ-ိုးကေလး ငါ့ကိုလာရွဲ့မနေနဲ့
လင်္ကာလေးစိတ်ကအရေးကြီးတယ် တော်ကြာမင်းတစ်ခုခုလုပ်လို့သူ့ဘက်ကစိတ်မပါပဲလက်ခံရရင် အားနာစရာကောင်းတယ်တစ်ဖက်လူကို"

Lullaby...(Let Me Be Yours)Where stories live. Discover now