Lullaby-13

3.2K 133 21
                                    

(Uni)
"ဘယ်တစ်ခုလဲ...."
ဆင်စွယ်ရောင်ရှပ်လက်ရှည်နှင့်ပန်းနုရောင်ဖျော့ဖျော့ နှစ်ခုကိုကိုင်မြှောက်ပြ၍ လှမ်းမေးမိသည်
တန်ဖိုးကြီးပိုးသားထည်၏ ကြယ်သီးလေးတွေက Jetကျောက် အနက်ရောင်ဖြင့်အလှဆင်ထား၍ခမ်းနားနေလေသည်...

အသွေးသည် အသုံးအဆောင်တွေမှာ စိန်တွေကျောက်တွေစီ၍သုံးနို်င်သည့် ဘီလီယံနာပေါက်စမဟုတ်ပါလား....Switzerland မှာသူကထိပ်တန်းသူေဋ္ဌးတွေထဲစာရင်းဝင်သည်...
"ဟေး"

"......"

"အသွေး...."

"ဟင်း......"
သံရှည်တွေဆွဲ၍သက်ပြင်းတွေချပြကာ အိမ်ပြန်ရဖို့ကိစ္စကိုသူစိတ်မဝင်စားဟန်ပြနေသေးလေသည်...
"ဘာတွေစိတ်အလိုမကျနေတာလဲ ကို့ကိုပြော...."

"ပြန်စေချင်နေတာကြာပြီမို့လား"

"ဟော...."
အိပ်ယာထက်မှောက်ယက်ထိုးကြီးဖြင့်အသွေး၏ကျောထက် ထပ်၍မှောက်ချလိုက်ပြီး အေးစက်နေသည့်နားဖျားလေးကိုနှုတ်ခမ်းတွေကြားငုံခဲလိုက်ပြီး ခါးလေးကိုလက်နှစ်ဖက်ဖြင့်ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး ဗိုက်အောက်အထိလက်တွေကိုထိုးသွင်း၍ တင်းတင်းဖက်ထားလိုက်လေသည်

လက်အောက်ငယ်သားတွေအောက်မှာသာ လူကြီးလူကောင်းတွေဆိုပေမယ့် နှစ်ယောက်ထဲကမ္ဘာမှာ တစ်ယောက်ကတစ်ယောက်အတွက်အမြဲချစ်စဖွယ်ကောင်းနေကြစမြဲပင်

ကိုကြီး၏အပြုအမူကြောင့် အသွေးသွားတန်းဖွေးဖွေးကလေးတွေပေါ်သည်အထိရယ်မိကာ သူ့ကျောပြင်ကိုနောက်ပြန်လှမ်းချုပ်ဖက်ထားလိုက်လေသည်....
ပူးကပ်နေခြင်းလောက်နွေးထွေးသည့်အရာမရှိတော့၍ ချစ်ကြည်နူးနေရသည်ကသိပ်ကောင်းလှသည်

"ဒီလိုဆိုဘယ်လိုလုပ်ရတော့မလဲ"

"ဟင်..."

"အသွေးကချစ်ဖို့ကောင်းနေတော့ မခွဲချင်...မခွဲနိုင်ဖြစ်နေပြီ..."

"မင်းကအခုမှခံစားဖူးတာပါ"

"အရင်ကတည်းကပါကွာ...
ခုကအရင်ထက်ပိုသံယောဇဉ်ကြီးနေရပြီလေ"

"အင်း......"

"ဘယ်လိုလုပ်မလဲ အသွေးအလုပ်တွေဖြစ်ဖြစ် ကိ့ုအလုပ်တွေဖြစ်ဖြစ်ချန်ထားခဲ့ပြီး ထွက်သွားကြမလား"

Lullaby...(Let Me Be Yours)Where stories live. Discover now