ဇာတ်လမ်းတွဲတစ်ခုကြည့်နေရင်းမှ ကလေးမွေးသည့်အခန်းပါလာတော့ သားက သူသိချင်တာတွေမေးတော့သည်
"သားသားကပါပါးဗိုက်ထဲမှာလား"
"သားကို ပါပါးဗိုက်ထဲထည့်ထားခဲ့တာလေ"
"ပါပါးဗိုက်ထဲလား"
"အွန်း...သားကိုသားပါပါးကဗိုက်ထဲမှာထားပြီး
၉လအကြာမှာမွေးပေးခဲ့တာ"အသွေးနဲ့သား၏စကားတွေကြောင့် Zလည်းအလုပ်ကိုရပ်၍ စကားဖြတ်ဝင်ပြောရသည်
"အဟက်...သားကမယုံဘူးလား...ဒီမှာဒီမှာကြည့်...အမာရွတ်ကလေး...အဲ့တာသားကို အသွေးရဲ့ဗိုက်ထဲကနေခွဲထုတ်ထားတဲ့ အမာရွတ်လေ...."
အသွေး၏အကျႌကိုလှန်တင်၍ ချက်အောက်အမာရွတ့ကိုလက်ညှိုးဖြင့်ဖိထောက်၍ပြတော့ သားကမျက်ရည်ကျလေပြီ"အဲ့တုန်းက သားကပိစိကွေးသေးသေးလေး...ပါပါးဗိုက်ထဲကနေထွက်လာတာ"
"အင်ဟင့်...ပါပါးနာမှာပေါ့"
"မနာပါဘူးသားရဲ့..."
"ပါပါးမှာနာနာတောင်ဖြစ်တယ်...ပါပါးနာမှာဟင့်...သားသားသိတယ်"
"ပါပါးကိုသားကစိုးရိမ်လို့လား...သားစိုးရိမ်နေတာလားဟုတ်လား"
ငိုမဲ့မဲ့ကနေစကားတောင်ပြန်မပြောနိုင်တော့ပဲ သူ့ပါပါးခါးကိုဖက်ပြီးရင်ခွင်ထဲမျက်နှာလေးအပ်ခါငိုတော့သည်...
အမာရွတ်ကကြီးလေတော့ ဒီအမာရွတ်ဖြစ်ဖို့ရာ ဓားနဲ့ခွဲစိပ်ရသည်ကိုသားကသိတော့ သူ့ပါပါးအတွက်စိတ်မကောင်းလို့ငိုတော့တာရယ်ပါ..."ပါပါးမနာပါဘူးဆိုသားရဲ့..."
သူ့သားကိုကြည့်ပြီး ကိုကြီးကသဘောတကျပြုံးနေပြန်သည်...သားကို၉လထဲဝင်ယုံနဲ့ မွေးချိန်မတန်ခင် သုံးပတ်အထိစော၍ ခွဲစိပ်မွေးထားရတော့ သား၏ဉာဏ်ရည်ပိုင်းကျန်းမာရေးပိုင်းကိုစိုးရိမ်နေခဲ့ရသော်လည်း သားက ဉာဏ်ကောင်းပြီး မိဘအပေါ်လည်းသိတတ်သည်...မိမိတို့အပေါ်ဆိုသူ့အရွယ်ကလေးနဲ့မလိုက်စိုးရိမ်တတ်လိုက်တာလွန်ရောပင်
အသွေးနှာစေးချောင်းဆိုးဆိုရင်ကို သူ့မှာဘာမှလုပ်မပေးတတ်ပေမယ့် မျက်နှာကလေးကမကောင်းတော့...မိမိကိုဖုန်းခေါ်ပြီးပြန်လာခိုင်းတတ်နေပါပြီ....
သူ့ပါပါးကိုပဲဂရုစိုက်ဆိုသည့်သဘောဖြင့် မိမိအလုပ်ကပြန်မလာရင် ငိုပြီးခေါ်တော့တာရယ်ဖြစ်သည်