Lullaby-17

3.6K 126 15
                                    

(Uni)
ပိုးသားမွေ့ယာကျယ်ကြီး၏အလည်တွင် စောင်အပါးသားလေးကို ခါးမှဖြတ်၍ ခြုံထားပြီး ပေါင်တံဖြူဖြူလေးတွေမှစ၍ လစ်ဟာနေသော မြင်ကွင်းက အမြဲတမ်းမြင်နေချင်မိသည့်အခိုက်အတန့်တစ်ခု
ရွှေအိုရောင်ဆံနွယ်တွေက နဖူးပြင်တစ်ခုလုံးသာမက မျက်ခုံးတွေအောက်သို့ပင်ဖုံးနေပြီး မှိတ်ထားသောမျက်ခွံကြည်ကြည်လေးကို လှမ်းကြည့်မိသည်...

အဖြူထက်အနီရောင်တွေဆင့်နေလေပြီးသောအဖြစ်က Z၏ စုပ်ရာကိုက်ရာတွေချည်း အသွေးကိုယ်လုံးမှာအပြည့်....
မိမိရေချိုးခန်းဝင်နေချိန်အခိုက်ကလေးပင် အိပ်ပျော်သွားလေဟန်အသွေးကြောင့်နေမကောင်းဖြစ်မည်ဆိုး၍ နဘေးအထိသွားပြီး နဖူးကိုစမ်းကြည့်လိုက်တော့ နွေးနွေးလေးဖြစ်နေပြီးအဖျားကိုတော့မခံစားမိ....

"ကိုပြီးပြီ....ကလေး
ထတော့ ရေချိုး"
လက်ဖဝါးတင်ထားသည့်နဖူးပြင်ပြေပြေလေးကို ဖိကပ်နမ်းရှိုက်ရင်းနှိုးလေရာ Z၏ရေစက်တွေမခြောက်သေးသည့်မျက်နှာကိုလက်ဖဝါးဖြင့်ပြန်ကန်တွန်းကာ မျက်ခုံးတွေကိုရှုံ့တွန့်ထားလေ၏....

"အာ.....ကျစ်...."

"ထတော့....ထတော့လို့"

"အာ....ဟင့်အင်....ခဏအိပ်မယ်"

"ဟေး....ဟေးဟေး
ညနေကြီးကို...မအိပ်ရဘူး....ထ"

"အာ....."
လည်တိုင်တွေနားဖျားတွေကိုဖိကပ်နမ်းတော့ Zဆီမှအတင်းရှောင်ကာ အပျင်းကြီးနေသည့်ကောင်လေးကြောင့် လက်နှစ်ဖက်ကနေဆွဲမ၍
သူ့ထက်အားသန်သည်ကိုအသုံးချကာ ခြေတံတွေကိုမိမိခါးထက်ခွစေပြီး ပွေ့ချီသွားမိသည်

အထုပ်ကလေး၏အိမ်ထည့်ထား၍ ဗိုက်မှာဒဏ်ရာနှင့်မို့ ပခုံးပေါ်ပွေ့တင်မသွားပဲ ထိုနည်းအတိုင်းချီသွားခြင်းဖြစ်လေ၏....
"အာ့....ကျစ်....ရေမချိုးချင်သေးဘူး"
တင်ပါးလေးဆီလက်ဖဝါးတို့ကိုထိကိုင်လိုက်တော့ လက်မှာစေးကပ်ကပ်ဖြစ်နေ၍ ပြုံးမိလေသည်....
အထုပ်ပို့ဆောင်ရေးလုပ်ခဲ့စဉ်က အဆီအနှစ်တွေမို့ မိမိချစ်သူကမိမိအချစ်တွေကိုလက်ခံခဲ့သည်ဟူသောစိတ်ဖြင့် ရင်ထဲလှိုက်ခုန်လာပြန်သည်....

"ကိုသန့်ရှင်းရေးလုပ်ပေးမယ်"

"အင်း.....
အိပ်ယာခင်းတွေလဲခိုင်းပေးအုံး"

Lullaby...(Let Me Be Yours)Where stories live. Discover now