Let Me Be Yours-7

1.7K 67 0
                                    

(Uni)
"နောက်မလုပ်တော့ပါဘူးဆို သားသားကိုမယုံချင်တော့ဘူးလား"

"-ီးသားသား"

"ဟင့်....ဒယ်ဒယ်ကလည်း..."

"ဘောမွှေးကစုံနေပြီ တသားသားနဲ့ပြောတာကမပြင်သေးဘူး"

"ဟီး..."
Teddy...Daddy၏ပခုံးပေါ်ခေါင်းတိုးမှီရင်း ရယ်မိလေသည်
မိမိက ရံဖန်ရံခါ သားသားဟု မိမိဘာသာတပ်ပြောရင်သူ့မှာမခံစားနိုင်...သေချာတာပေါ့ ဒယ်ဒယ် ချစ်နေတာက

"ပါပါးကိုအကုန်ပြန်ပြောမယ်...ပါပါးကိုလဒလို့လည်းပြောတယ်..."

"ကျေးဇူးကမ်းမနေနဲ့ မင်းအမွှေးအတောင်ပြောင်အောင်ငါလုပ်ထားရတာ"

"သိပါတယ်...အဲ့တာပြောပြီးပဲ ခဏခဏဂုဏ်ဆာနေရောပဲ"

"မင်းချစ်သူနဲ့က ညတောင်အေးဆေးတွေ့ခဲ့ရရဲ့လား"

"ကိုကိုရောပါတယ်"

"ဟင်...ဒီအထိခေါ်လာတယ်လို့ပြောတာလား"

"အွန်း ကိုကိုကလေယာဉ်မူးလို့တဲ့ အိပ်နေခိုင်းခဲ့တာ"

"လေယာဉ်မူးတယ်..."

"အင်း...တစ်ခါမှမစီးဖူးလို့စိတ်လှုပ်ရှားတာရောကြောင့်ထင်ပါတယ်..."

"မင်းပိုက်ဆံတွေကိုဖြုန်းတီးနေတာပဲ
သွားလို်က်ပြန်လိုက်နဲ့ ဟျောင့်
ငါဝယ်ပေးထားရတာနော် လေယာဉ်လက်မှတ်က"

"ဒယ်ဒယ့်...ကိုယ့်သားလေးကိုယ်နော် နှမြောနေပြန်ပြီလား..."

"ဟျောင့်...အချိုးမပြေရင်ငါနှမြောချင်နှမြောမှာပဲ"

"ရော်...သူကဖြင့်ဘောစိကြီးပဲကို ဒီဒေါ်လာပိစိလေးကျလာကပ်စေးနှဲနေ"

"မင်းဖြုန်းတယ်ထင်လို့ နှမြောတာ"

"ပေးစရာဒီသားလေးပဲရှိတဲ့ဟာကို"

"မင်းအသက်ပြည့်ပြီးပြီ ကိုယ့်ပိုက်ဆံကိုယ်ရှာသုံးဖို့ပြင်"

"အခု ဒယ်ဒယ်စီးနေတာ သားကားနော်
အဖေဖြစ်တယ်ဆိုပြီး အခုချက်ချင်းကားပေါ်ကမဆင်းခိုင်းဘူးမထင်နဲ့"

"လုပ်ရကျိုးမနပ်အောင်ပြောမနေနဲ့ "

"driverလည်းကိုယ်တိုင်ငှါးထားတာ လိုင်စင်ရော...ကားမောင်းသင်တန်းတောင်ကိုယ့်ဘာသာတက်ထားတာ ဒယ်ဒယ်ဘယ်မှာထောက်ပံ့သလဲသားကို
မွေးထားတဲ့သားလေးတစ်ယောက်ကိုထောက်ပံ့ကြေးလေးဘာလေးပေးမယ် မေတြးဘူး
၁၈ပြည့်ပြီးကတည်းက သူ့ဘဏ်အကောင့်ကို ဇွတ်မပေါက်အောင်ဖာနေတော့တာပဲ"

Lullaby...(Let Me Be Yours)Where stories live. Discover now