Let Me Be Yours-6

1.3K 65 1
                                    

(Uni)
အိပ်ယာထဲဝင်ခွေနေပြီဖြစ်သော အသွေးကိုပြောကိုမပြောချင်တော့...
အဲ့စိတ်နဲ့ကရှေ့ဆက်ဘယ်လိုလုပ်မလဲမသိ
အတ္တကြီးတယ်ဆိုလို့မဆိုရက်...သူကသားကိုလူ့ဘဝထဲအထိရောက်လာဖို့ အတ္တကြီးပြီးခေါင်းမာကာမွေးပေးခဲ့တဲ့လူမို့ လူတိုင်းထက်သားကို အေသြးကပိုခ်စ္တာ အားလုံးသိသည်

သားနှင့်လက်ပွန်းတတီးနေလာရသူဟာလည်း အေသြး
သားအနားအချိန်အပေးနိုင်ဆုံးကလည်း အသွေးမို့ သားကလည်းအသွေးကိုချစ်ရှာပါသည်

"အေသြး...အဲ့လိုကြီးမနေနဲ့လေကွာ
မင်းဟာကနေမဝင်ရသေးဘူး အိပ်ယာထဲရောက်နေပြီဆိုတော့"

"အိပ်တော့မို့"

"သားကိုလွမ်းနေပြန်ပြီမဟုတ်လား"

"မဟုတ္ဘူး...သားမရှိရင် ငါမပျော်လို့"

"အဟင်း...သားကတပတ်ပဲ လင်္ကာနဲ့သွားတွေ့တာလေ အလွန်ဆုံးတပတ်ပါပဲ...ခုကတည်းကလွမ်းနေပြီလား သားသွားတာနာရီပိုင်းပဲရှိသေးတယ်"

"မသိဘူး...ငါနဲ့သားကခွဲနေကျမဟုတ်ဘူး"

"ကိုသိပါတယ်...သားလည်းလူပျိုဖြစ်နေပြီလေကွာ"

"မင်းလည်းစောစောအိပ်ယာဝင်...ငါအိပ်တော့မယ်"

"ကျစ်...အိပ်မရတာကိုအတင်းကြိုးစားမအိပ်နဲ့"

"ငါ့ဘာသာအိပ်မလို့ လို့ အင်းဟင်း"
မကျေမနပ်အံကြိတ်သံတွေက ကပ်ပါသွားရင်း သူ့သားကိုလွမ်းနေသော အဲ့အသွေးကိုဘယ်လိုလုပ်ပေးရမလဲမသိ
သားကလည်းသူ့ကိုခေါ်တာပဲကို သူ့ဘာသာလိုက်မသွားတာဖြစ်သည်
ကလေးတွေနှစ်ယောက်လွတ်လပ်ပါစေဆိုတဲ့စိတ်နဲ့သူ့သားကိုသွားခိုင်းပြီး အခုမွ မအီမသာမျက်နှာပေးကိုပြင်ကိုမပြင်တော့...

သားသာချစ်သူနဲ့မဟုတ်ဘဲ ပျော်ပွဲစားတစ်နေရာရာကိုသာသွားမည်ဟုခေါ်လျှင် မဟူရာအသွေးတို့က နောက်မှာဖြစ်ချင်ရာဖြစ်လိုက်သွားမယ့်အမျိုးအစားထဲပါလေသည်...

ဒါကဒုတိယတစ်ခါဟုပြောရမည်
သားအလယ်တန်းပြီးစက သားတစ်ယောက်တည်း သူ့အဖိုးဆီအလည်သွားတုန်းက အသွေးဒီလိုဖြစ်ပြီးပြီမို့ နောက်ရက်ချက်ချင်းလိုက်ပို့လိုက်ရသည်အထိပင်...

Lullaby...(Let Me Be Yours)Where stories live. Discover now