Let Me Be Yours-12

1.1K 50 11
                                    

(Uni)

ယခုတလောအလုပ်တွေတအားများနေ၍ ချစ်ရသောအသွေးအနားကိုကပ်ရချိန်ပိုပိုနည်းပါးလာသည်
အတူရှိနေချိန်ဆိုရင်တောင် မိမိတို့ကြားမှာအမြဲအရှုပ်ထုပ်အမွှာပေါက်စလေးတွေကရှိနေတာမို့အသွေးကိုထိချင်တိုင်းထိ ဖက်ချင်တိုင်းဖက်ထွေးထား၍မရတော့ချေ
မဟူရာအသွေးကလည်း မြေးတွေရပြီးမှမြေးထိပ်ထားစံဖြစ်နေလေကာ မိမိကိုအနေအထိုင်ဆင်ခြင်ဖို့ကိုတစ်နေ့အခါတစ်ရာလောက်ပိတ်ငေါက်ထား၍ Zသူနှင့်မဆိုင်သူတွေလိုကိုနေပေးရ၏

သူကသူ့မြေးတွေနှင့်တစ်ကမ္ဘာလုပ်နေတာကြည့်မရတော့ပြီမို့ ယခု Dateရအောင်ဆိုပြီးခေါ်ထုတ်လာလေသည်
မြေးတွေကိုသူတို့ဖေဖေလက်ထဲအပ်ပြီး မိမိကတော့မြေးတွေအချစ်တော် သူတို့ဖိုးဖိုးအသွေးကို သိမ်းပိုက်လာခဲ့ပြီမို့အောင်နိုင်သူကြီးလိုခံစားရလေတော့သည်

အသက္က ၅၀ပြည့်ဖို့နီးနေပြီဖြစ်ပေမယ့် အများကြီးနုနယ်သောအသွေးကိုကြည့်၍ ပိုင်ဆိုင်ထားရတာကျေနပ်မိလှသည်
အလုပ်ပင်ပန်းတာတွေမလုပ်ရတာကြောင့်ရော စိတ်ပင်ပန်းတာလုံးဝမရှိတာရောကြောင့်ပါ အသွေးကကြာလေနုလေကြည့်၍မဝနိုင်အောင် ချောမောလှပလွန်းနေသည်ဟုထင်မိသည်

Zအလုပ်တွေယခုတိုင်အောင်လုပ်နေဆဲကိုင်နေဆဲဖြစ်ပြီး တစ်နေ့နေ့တစ်ချိန်ချိန်တော့
မဟူရာအသွေးကိုဘေးမှာထိုင်ခိုင်းပြီးစိတ်ကြိုက်ကိုပွတ်တီးပွတ်သပ်တွေလုပ်ဖို့စိတ်အားထက်သန်လှသည်

"အေသြး"

"ဟင်..."
လက်နွေးနွေးက မိမိပေါင်ပေါ်လာဆုပ်ကိုင်၍ခပ်ဖွဖွပွတ်သပ်လာသောကိုကြီးကြောင့် မိမိအာရုံတွေကသူ့မျက်နှာဆီရောက်သွားရသည်

ယခင်ကပြုံးတောင့်ပြုံးခဲလူသားက မိမိနှင့်စတင်ငြိစွန်းပြီးကတည်းမှ သားကိုရလာပြီးနောက် မြေးလေးတွေရလာသည့်တိုင် နှစ်လိုဖွယ်အပြုံးကိုနေ့တိုင်းတွေ့နေရသော်လည်း ကြည့်မဝနိုင်သေးချေ
မိမိက သားနှင့်မြေးတွေကိုချစ်သည်ဆိုတာ သူ့ကိုချစ်ရတာလောက်တော့လုံးဝမမှီ
သူကသာချစ်ရခြင်း၏အရာရာမို့ ရင်ထဲမှာအေးချမ်းတည်ငြိမ်စွာမြတ်နိုးရသည်ကသူ့ကိုသာ

Lullaby...(Let Me Be Yours)Where stories live. Discover now