Part-1

1.5K 53 8
                                    

Unicode

ဒီနေ့ဟာ Kimအိမ်တော်ရဲ့ သခင်လေး နိုင်ငံခြားမှ ပြန်ရောက်မှာမို့ အိမ်တော်တစ်ခုလုံးအလုပ်ရှုပ်နေကြသည်။

"ဟဲ့ ကလေးမလေးတွေ ပစ္စည်းတွေသေချာနေရာချနော် မကွဲစေနဲ့..."

"ဟုတ်ကဲ့ အိမ်တော်ထိန်း..."

"သခင်လေးက အခန်းအတွင်းအပြင်သန့်ရှင်းသပ်ရပ်နေမှ ကြိုက်တာနော် သခင်လေးအခန်းထဲဖုန် တစ်စက်တောင်မရှိစေနဲ့...."

"ဟုတ်ကဲ့ပါ အိမ်တော်ထိန်း..."

အိမ်တော်ထိန်း Minမှာ အကုန်လုံးကိုစီမံခန့်ခွဲကာ ဟိုပြေးဒီလွှားနဲ့ လိုက်ပြောနေရသည်။ အိမ်တော်တစ်ခုလုံးက သူ့တာဝန်ကြီးမို့ တစ်ခုခုလွဲချော်သွားရင် သူပဲ အဆူခံရမှာဖြစ်သည်။

အိမ်အပေါ်ထပ်ကနေ ကြွကြွယွယွလေးနှင့် ဆင်းလာတဲ့ သခင်မကြီးကိုမြင်တော့ အိမ်တော်ထိန်းကြီးခေါင်းငုံ့ကာ အရိုအသေပေးလိုက်သည်။

"သခင်မကြီး မဂ်လာ နံနက်ခင်းပါ..."

"အင်း..."

အိမ်တော်ထိန်းကို အင်း တစ်လုံးပဲ ပြောကာ အောက်ထပ်ကို ဆင်းလာသည်။

"အိမ်တော်ထိန်း ကောင်မလေးတွေကိုခေါ်လိုက်စမ်း..."

"ဟုတ်ကဲ့ပါ သခင်မကြီး..."

အိမ်တော်ထိန်းမှာ သခင်မကြီးအမိန့်​ကြောင့် အိမ်အကူကောင်မလေးတွေအားလုံးကိုခေါ်လိုက်သည်။

ကောင်မလေးတွေအားလုံးရောက်လာတော့ ဧည်ခန်းမှာ ခြေချိတ်ထိုင်နေတဲ့ သခင်မကြီးက စကားဆိုလိုက်သည်။

"နင်တို့ အားလုံးရောက်လာကြပြီဆိုတော့ ငါပြောမှာကိုသေချာ နားထောင်ကြ၊ ဒီနေ့ ငါ့သား နိုင်ငံခြားကနေ ပြန်လာတော့မှာ အဲ့ဒါကြောင့် ငါ့သားပြန်လာရင်နင်တို့ အားလုံးအနေအထိုင်စဥ်ခြင်ကြပါ စကားအပြောအဆို စဥ်ခြင်ကြပါ၊ ငါ့သားနဲ့ အရောတဝင်မလုပ်ပါနဲ့.... ငါမကြိုက်ဘူး..."

သခင်မကြီးအမိန့်ပေးတော့ ​ကောင်မလေးတွေမှာ ခေါင်းကိုအောက်ပြုတ်မတက်ငုံ့ကာ သခင်မကြီးအမိန့်ကို နာခံရန် ကတိပေးကြသည်။

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now