Unicode
ဂျောင်ဂု ဒဏ်ရာတွေကို 2လနီးပါးအချိန်ယူကာ ကုသပြီး အရှင်းပျောက်သွားတော့သည်။
"လူလေးဒဏ်ရာတွေ အားလုံးပျောက်သွားပြီဆိုတော့ ၊ ရှေ့လျှောက်ဘာလုပ်ဖို့စဥ်းစားထားလည်း.."
"ကျွန်တော် အလုပ်တခုရှာလုပ်ရမှာပေါ့ဗျာ..အလုပ်ရရင်တော့ ကျွန်တော့်အတွက်နေစရာတနေရာလောက်ရှာပြီး ဦးလေးတို့စီက ထွက်သွားရမှာပေါ့..."
"ဦးလေးကတော့ လူလေးကို ဦးလေးတို့နဲ့ပဲတူတူနေစေချင်တယ်...အလုပ်လည်း အခုဦးလေးတို့ အလုပ်မှာ ကူလုပ်လို့ရတာပဲ ဦးလေးက လူလေးကို လစာသက်သက်ပေးမှာပေါ့..."
"ဦးလေးတို့ အခုကူညီထားတာတွေတောင် အားနာစရာကောင်းနေပြီ၊ နောက်ထပ်ဦးလေးတို့ကို ဒုက္ခမပေးချင်တော့ပါဘူး.."
"ရပါတယ် လူလေးရယ် ဦးလေးတို့မှာက သားသမီးရှိတာမဟုတ်ဘူး လူလေးကို ဦးလေးတို့က ကိုယ့်သားအရင်းတစ်ယောက်လို သဘောထားတာပါ...အဲ့ဒါကြောင့် ဘာမှ အားနာမနေနဲ့...."
"ဟုတ်ကဲ့ပါ ဦးလေး ကျွန်တော် စဥ်းစားပါဦးမယ်.."
"အေးပါ..."
>>>>>>
"ကင်မ်ထယ်ယောင်း မင်းကလေးက ဘယ်နေ့မွေးမှာလည်း..."
"နောက်တစ်ပတ်ထဲပါ မေမေ..."
"မင်းဗိုက်ထဲက မျိုးမစစ်လေး မြန်မြန်ထွက်လာမှ ငါလည်း မင်းအတွက်စီစဥ်စရာရှိတာ မြန်မြန်စီစဥ်ရမှာ...အဲ့ကလေးမွေးပြီးရင်တော့ မင်း ငါပုံစံချတဲ့အတ်ိုင်းလိုက်နာဖို့ပြင်ထား..."
"ဟုတ်မေမေ..."
"ဟုတ် မေမေဆိုပြီး လုပ်ချင်တာ လုပ်ဖို့မစဥ်းစားနဲ့ မင်းအကောင်လည်း လူ့လောကထဲရှိတော့တာမဟုတ်ဘူး.... အဲ့ဒါကြောင့် ဒီတစ်ခါ ငါ့စကားကိုသေချာနားထောင်... ငါခိုင်းတဲ့အတိုင်းလုပ်...ကြားလား.."
"ဟုတ် ကြားတယ်..."
သခင်မကြီးမှာ သူ့သားကို ပြောဆိုပြီး ထွက်သွားတော့သည်။
သခင်မကြီးထွက်သွားမှ ထယ်ယောင်းလည်း သက်ပျင်းချမိလိုက်သည်။ ဂျောင်ဂု သေဆုံးသွားပြီလို့ ကြားသိလိုက်ရပြီးတဲ့ နောက်ပိုင်း ထယ်ယောင်းဟာသူ့ကိုသူ သေလူလို့ သက်မှတ်ထားသည်။ ထို့ကြောင့် သခင်မကြီး ဘာပဲလုပ်ခိုင်းလုပ်ခိုင်း သူလိုက်လုပ်ပေးဖို့အစဥ်သင့်ပြင်ထားသည်။
YOU ARE READING
𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~
Fanfictionသခင်လေးဆိုတဲ့သူဟာ လူကိုအရမ်းပြုစားလွန်းတယ် သခင်လေးက ညှို့အားများရှိနေတာလား သခင်လေး ကြည့်တဲ့ အကြည့်တွေမှာ အရည်ပျော်မတက်ပါပဲသခင်လေးရယ်.....