Unicode
ချစ်ရတဲ့သူကို သူများနောက်တော့ အပါမခံနိုင်၊ ချစ်ရသူအတွက်ဆို ဒီလူ လူကြမ်းလုပ်ရမယ်ဆိုလည်း လုပ်ယုံပေါ့......
Taehyungအခုဆို Jungkookနဲ့မျက်နှာချင်းမဆိုင်ရဲ၍ ရှောင်နေတော့သည်။
Jungkookမှာလည်း သူ့ကိုရှောင်နေတဲ့ သခင်လေးကြောင့် စိတ်တွေမွန်းကြပ်လို့လာသည်။
သခင်လေးမျက်နှာကို မိုးလင်းကနေမိုးချုပ်ထိ တစ်နေ့လုံးထိုင်ကာ ကြည့်ချင်သည်။ ထိုအခွင့်အရေးကိုရဖို့အတွက် ဒီလူက ကြိုးစားပြမည်...သခင်လေးက ဒီလူအပိုင်၊ ဒီလူနဲ့ပဲ သက်ဆိုင်သည်။
သူ့ကိုရှောင်နေတဲ့သခင်လေးကို ဒီနေ့တော့ မရရအောင် အမိဖမ်းတော့မည်။
ဂျောင်ဂု အကြံတစ်ခုထုတ်လိုက်သည်။ ပြီးနောက်မချိပြုံးလေးပြုံးကာ သူ့အစီအစဥ်ကိုအကောင်အထည်ဖော်ဖို့ဆုံးဖြတ်လိုက်သည်။
ထယ်ယောင်းမှာလည်း ဂျောင်ဂုဖွင့်ပြောပြီးတဲ့နေ့ထဲက အိပ်လို့မပျော်...ဂျောင်ဂုအပေါ် သူခံစားချက် ရှိနေလားလို့ ခဏခဏမေးခွန်းထုတ်နေမိသည်။
အိပ်ယာပေါ် ဟိုလှိမ့်ဒီလှိမ့်နှင့်စဥ်းစားခန်းဖွင့်နေတုန်း သူ့အခန်းဝရံတာက အသံတစ်ခုကြား၍ ချက်ချင်းထကြည့်လိုက်သည်။
ထယ်ယောင်း ထကြည့်မိတော့ အံသြလွန်း၍ ပါးစပ်လေးအဟောင်းသားဖြစ်သွားသည်။
"ဂျွန်...ဂျောင်...ဂျောင်ဂု...မင်း ဘယ်လိုလုပ်ပြီး တက်လာတာလည်း..."
"ဟိုမှာလေ..."
ဂျောင်ဂုလက်ညှိုးညွှန်ပြရာကို ကြည့်မိတော့ လှေကားထောင်ထားတာကို တွေ့သွားသည်။
"ကျွန်တော် အဲ့လှေကားနဲ့ တက်လာတာ.."
"မင်းတော်တော် အတင့်ရဲနေပါလား ဂျွန်ဂျောင်ဂု မေမေသိရင် ပြသနာတက်မယ်နော်..."
"သခင်မကြီး သိသွားလို့ အပြစ်ပေးရင်လည်း ခံလိုက်ယုံပေါ့...သခင်လေးက ကျွန်တော့်ကို ဘာလို့ရှောင်နေလည်း...ကျွန်တော့်မှာ သခင်လေးကို တွေ့ချင်လွန်းလို့ ရူးတော့မှာ..အဲ့ဒါကြောင့် အခုလို အရဲစွန့်ပြီး တက်လာခဲ့တာ..."
YOU ARE READING
𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~
Fanfictionသခင်လေးဆိုတဲ့သူဟာ လူကိုအရမ်းပြုစားလွန်းတယ် သခင်လေးက ညှို့အားများရှိနေတာလား သခင်လေး ကြည့်တဲ့ အကြည့်တွေမှာ အရည်ပျော်မတက်ပါပဲသခင်လေးရယ်.....