Unicode
ထယ်ယောင်းမှာ ဂျွန်ဂျက်စ်စတင်ဂျေးဟာ ဂျောင်ဂုမှန်းသိရတော့ ဝမ်းသာမိပင်မဲ့....တစ်ဖက်ကိုပြန်တွေးမိတော့ ရင်ထဲ နစ်နေအောင်ခံစားရပြန်သည်။
!မောင်ရယ် ငါ့ကိုအရမ်းမုန်းတီးနေခဲ့လို့ နောက်မိန်းမယူပစ်လိုက်တာလား...ငါ မောင့်ကိုလွမ်းဆွေးနေတဲ့အချိန် မောင်က မောင့်မိန်းမနဲ့ပျော်ရွှင်နေခဲ့တာပေါ့လေ...ငါရင်နာလိုက်တာမောင်ရယ်...ငါ့မှာတော့ မောင်သေသွားပြီလို့သိလိုက်ရတဲ့အချိန်ထဲက မောင့်ကိုဒီနေ့ဒီချိန်ထိတစ်နေ့မှ မေ့မရခဲ့ဘူး...မောင်ကတော့ ငါမဟုတ်တဲ့တစ်ခြားလူနဲ့ ပျော်ရွှင်နေခဲ့တာပေါ့...အဲ့မိန်းမနဲ့ကလေးပါရခဲ့တယ်ဆိုတော့ မောင်အဲ့မိန်းမကို ဘယ်လောက် တောင်ချစ်နေလိုက်မလည်း...ငါရင်တွေကွဲရပါပြီမောင်ရယ်...!
ထယ်ယောင်းတွေးရင်း မျက်ရည်များကျလာတော့သည်။
####
"မနက်ဖြန် ငါ့သား လာမှာ မင်းလည်း ငါ့သားကိုလိုက်ကြိုရမယ်..."
ဂျောင်ဂုစကားကြားတော့ ထယ်ယောင်း မျက်လုံးအဝိုင်းသားနဲ့ဂျောင်ဂုကိုပြန်ကြည့်နေမိသည်။
!ဟင်...ငါက မောင့်သားကို လိုက်ကြိုရမယ်တဲ့ ငါဘယ်လိုစိတ်မျိုးနဲ့ မောင့်သားကိုလိုက်ကြိုရမှာလည်း...!
"ငါပြောတာကြားလား... "
"အင်း...ကြားတယ်.."
"ကြားတယ်ဆိုလည်း ပြန်ဖြေလေ ဘာလို့ပါးစပ်ကပိတ်နေတာလည်း...."
ဂျောင်ဂုအော်ပြောတော့ ထယ်ယောင်း ငြိမ်ကြသွားသည်။
"မနက်ဖြန် ငါ့သားလာရင် ငါ့သားကိုသေချာဂရုစိုက်နော်..."
"အင်းပါ ဂရုစိုက်ပေးပါ့မယ်..."
"ဒါဆို မင်းသွားအိပ်တော့ မနက်ဖြန်စောစောထရမှာ..."
"အင်း..."
ဂျောင်ဂုပြောတော့ ထယ်ယောင်းမှာ ဂျောင်ဂုရှေ့ကချက်ချင်းထသွားကာ ကုတင်ပေါ်သွားအိပ်တော့သည်။
ဂျောင်ဂုထယ်ယောင်း သွားအိပ်တော့မှ သက်ပျင်းချကာ....
!မောင့်အချစ်ရယ် မောင် အချစ်ကို ကြမ်းတမ်းတဲ့ စကားတွေပြောနေမိလို့ တောင်းပန်ပါတယ်ကွာ...မောင် အချစ်ကို သားလေးကို သွားကြိုဖို့ခေါ်ရတာလည်း မောင်တို့ရဲ့သားလေးကို မိသားစုစုံစုံလင်လင်နဲ့ကြိုချင်လို့ပါ...အချစ် မောင့်ကိုအထင်မလွဲပါနဲ့..!
YOU ARE READING
𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~
Fanfictionသခင်လေးဆိုတဲ့သူဟာ လူကိုအရမ်းပြုစားလွန်းတယ် သခင်လေးက ညှို့အားများရှိနေတာလား သခင်လေး ကြည့်တဲ့ အကြည့်တွေမှာ အရည်ပျော်မတက်ပါပဲသခင်လေးရယ်.....