Unicode
ထယ်ယောင်းမှာ အခုဆို အရင်ကလို အချိန်မှန် ဆေးလာတိုက်မဲ့အိမ်တော်ထိန်းလည်းမရှိတော့သလိုသူ့အနားမှာ လာထိုင်ပြီး သူ့ကိုအဖော်ပြုပေးမဲ့ မင်ယောင်းလည်းမရှိတော့ပါ။
!နောက်ဆုံးတော့ ငါအချစ်ရဆုံးလူတွေက ငါ့အနားက တစ်နည်းမဟုတ် တစ်နည်း ထွက်ခွာသွားကြရတာပါပဲလား...ဟူး....အခုတော့ ငါတစ်ယောက်ထဲ အထီးကျန်စွာဖြတ်သန်းရတော့မယ်...!
ထယ်ယောင်းတွေးတောနေတုန်း သူ့အမေခေါ်သံကြား၍ အခန်းထဲက ထွက်လာလိုက်သည်။
"ကင်မ်ထယ်ယောင်း..."
"ဟုတ်မေမေ..."
"မင်း တစ်ချိန်လုံး အဲ့အခန်းထဲမှာကြီး အချိန်ကုန်နေတော့မှာလား...နေပြန်ကောင်းလာပြီဆိုလည်း ငါ့ကိုအထောက်အကူဖြစ်အောင်ကူညီဦးလေ...ငါ့မှာမင်းကြောင့် ကုန်ကြထားတဲ့ငွေတွေနည်းလား...မင်းရူးကြောင်ကြောင်ဖြစ်တုန်းကလည်း မင်းကိုဆေးကုပေးရတာ နှစ်နဲ့ချီတယ်...အခုပြန်ကောင်းလာပြန်တော့ ဆေးသောက်ကမလွတ်သေးဘူး...အခု မင်းဆေးဖိုးငါမပေးနိုင်တော့ဘူး မင်းဘာမင်းသာရှာတော့.."
သူ့အမေပြောတော့ ထယ်ယောင်းမှာ ခေါင်းလေးငုံ့ကာ နားထောင်နေတော့သည်။
"ဟုတ်ကဲ့ မေမေ ကျွန်တော့်ဆေးဖိုးကျွန်တော်ရှာပါ့မယ်..."
ထိုစဥ် သခင်မကြီး စီဖုန်းဝင်လာ၍ သခင်မကြီးလည်းကောက်ကိုင်လိုက်သည်။
"အေးပြော..."
"သခင်မကြီး ပြသနာတော့တက်ပြီ အခု ကျွန်တော်တို့ ကုမ္ပဏီကို အကြွေးရှင်တွေ လာပြီးသောင်းကျန်နေပြီ သူတို့အကြွေးကို မပေးရင် သခင်မကြီးကိုရဲတိုင်မယ်တဲ့..."
"ဘာ...ငါ့ကို ရဲတိုင်မယ် ဟုတ်လား..."
"ဟုတ်ပါတယ် သခင်မကြီး..:"
သခင်မကြီးမှာ ရဲတိုင်မယ်ပြော၍ စိတ်လှုပ်ရှားနေတော့သည်။ သူ့ချေးထားတဲ့ ငွေပမာဏ
ကလည်း မနည်းလှ ၊အတိုးတွေပါပေါင်းရင် တော်တော်လေးများလှတဲ့ငွေမို့ ကုမ္ပဏီ တစ်ခုလုံး ပေးလိုက်ရင်တောင် သူ့အကြွေးက မကျေနိုင်ပါ။
YOU ARE READING
𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~
Fanfictionသခင်လေးဆိုတဲ့သူဟာ လူကိုအရမ်းပြုစားလွန်းတယ် သခင်လေးက ညှို့အားများရှိနေတာလား သခင်လေး ကြည့်တဲ့ အကြည့်တွေမှာ အရည်ပျော်မတက်ပါပဲသခင်လေးရယ်.....