Part-17

300 34 5
                                    

Unicode

"သခင်မကြီး ဟိုကောင် ချောက်ထဲ ကြပြီးသေသွားပါပြီ..."

"သေတာရော ကျိန်းသေလို့လား..."

"ကျိန်းသေပါတယ် သခင်မကြီး အဲ့ချောက်က အရမ်းနက်လွန်းတယ်...အသက်ရှင်မှာမဟုတ်ဘူး..."

"အင်း ဒါဆို မင်းတို့ပြန်လာတော့... "

"ဟုတ်ကဲ့ သခင်မကြီး..."

သခင်မကြီးတစ်ယောက်သူ့တပည့်တွေစကားကြောင့် ပြုံးပျော်လို့သွားသည်။

မင်ယောင်းတစ်ယောက် သခင်မကြီးဖုန်းပြောနေတာ ချောင်းနားထောင်ရင်းအထိတ်ထိတ်အလန့်လန့်ဖြစ်သွားသည်။ ထို့ကြောင့် ထယ်ယောင်းစီပြေးကာ သွားပြောတော့သည်။

"သခင်လေး သခင်လေး... "

"အင်း မင်ယောင်း ရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လာတာလည်း..."

"သခင်လေး... သခင်မကြီးကလေ..သခင်မကြီးက... အကိုဂျောင်ဂုကို...အကိုဂျောင်ဂုကို သတ် သတ်လိုက်ကြပြီ..."

မင်ယောင်းစကားအဆုံး ထယ်ယောင်း မှာ ခြေထောက်တွေပါ ခွေလဲသွားတော့သည်။

"သခင်လေး...သခင်လေး..."

"မင်...မင်ယောင်း... မေမေက မောင်ကို သတ်လိုက်တယ် ဟုတ်လား..."

"သခင်လေးရယ် သခင်လေး အခုလို ဖြစ်မယ်မှန်းသိရင် ကျွန်တော် လာမပြောပြပါဘူး..."

"မင်ယောင်း မေမေက တကယ်ပဲ မောင့်ကို သတ်လိုက်တာလား..."

"သခင်လေး စိတ်ခိုင်ခိုင်ထားနော်...စောနကကျွန်တော် သခင်မကြီး အခန်းရှေ့ ဖြတ်လျှောက်ရင်း သခင်မကြီး သူ့တပည့်တွေနဲ့ဖုန်းပြောနေလို့ ချောင်းနားထောင် လိုက်တာ....သူတို့အကိုဂျောင်ဂုကိုသတ်လိုက်ကြပြီနဲ့တူတယ်...သခင်မကြီးက သေတာရောကျိန်းသေရဲ့လားလို့မေးနေတာ.."

ထယ်ယောင်းမှာ မင်ယောင်းစကားအဆုံး ဒေါသထွက်ကာ ချက်ချင်းအားယူထ၍ သူ့အမေစီ ပြေးသွားတော့သည်။

"မေမေ...မေမေ..."

"ဘာလို့အဲ့လောက်အော်ခေါ်နေတာလား..."

"မေမေ...မေမေ မောင်ကို သတ်ပစ်လိုက်တာလား...ကျွန်တော်ကိုအမှန်အတိုင်းဖြေပေးပါ..."

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now