Part-25

398 36 12
                                    

Unicode

မနက်မိုးလင်းတော့ ဂျောင်ဂုအပျင်းကျောဆန့်ကာ ဘေးကိုကြည့်မိတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ထယ်ယောင်း ကိုမြင်ပြီး ရင်ထဲအေးမြသွားရသည်။

အိပ်ပျော်နေတဲ့ ထယ်ယောင်း မျက်နှာလေးကို တစ်ချက်ငုံ့နမ်းကာ မျက်နှာသစ်ရန် ရေချိုးခန်းထဲဝင်သွားတော့သည်။

အားလုံးပြင်ဆင်ပြီး မှ အခန်းပြင်ထွက်လာလိုက်သည်။

"သူဌေး နိုးလာပြီလား...ကျွန်မ မနက်စာ ပြင်ပြီးပါပြီ.."

"ဟို.. အဒေါ်ကြီး ကို ပြောရဦးမယ်..ဒီနေ့က စပြီး အစားအစာကိုနှစ်ယောက်စာပြင်ပေးပါ..အခု ဒီအိမ်မှာ ကျွန်တော် တစ်ယောက်ထဲ မဟုတ်တော့ဘူး...ကျွန်တော့် ယောကျာ်းပါ ရောက်နေပြီ..အဲ့ဒါကြောင့် အစားအသောက်ပြင်ရင် နှစ်ယောက်စာပြင်ပေးပါနော်..."

"အော်...ဟုတ်ကဲ့ ဒါဆို ကျွန်မ ထပ်ပြီး ပြင်လိုက်ပါ့မယ်.."

"ပြီးတော့ မှာထားဦးမယ် ကျွန်တော် ကုမ္ပဏီသွားတဲ့အချိန် ကျွန်တော့် ယောကျာ်းကို သေချာဂရုစိုက်ပေးပါ...သူ ဘာအလုပ်မှမလုပ်ပါစေနဲ့...ပြီးတော့ ကျွန်တော် ကုမ္ပဏီက ပြန်မလာမချင်းအဒေါ်ကြီး အိမ်မပြန်ပါနဲ့ ကျွန်တော့်ယောကျာ်းနဲ့နေပေးလိုက်ပါ...ကျွန်တော် အဒေါ်ကြီးကို လစာပိုပေးပါ့မယ်..."

"ဟုတ်ကဲ့ပါ သူဌေး ကျွန်မ သူဌေးပြောသလို လုပ်ပါ့မယ်..."

"ကျွန်တော် အခုလိုတွေ မှာတာ သူမသိစေနဲ့နော်...."

"ဟုတ်ကဲ့..."

ဂျောင်ဂုလည်း အိမ်အကူအဒေါ်ကြီးကို မှာစရာရှိတာ မှာပြီး မနက်စာကို ထယ်ယောင်းမနိုးခင်မြန်မြန်စားလိုက်သည်။

သူမနက်စာစားပြီးအပေါ်ပြန်တက်လာတော့ ထယ်ယောင်းက နိုးနေပြီဖြစ်သည်။

"နိုးပြီလား..."

"ဟုတ်..."

"နိုးပြီဆိုလည်း မျက်နှာထသစ်တော့ ပြီးရင် အောက်ထပ်မှာ မနက်စာစားလိုက်ဦး..."

"ဟုတ်..."

ထယ်ယောင်းချက်ချင်းရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်ရန်ပြင်တော့သည်။

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Nơi câu chuyện tồn tại. Hãy khám phá bây giờ