Part-16

290 32 10
                                    

Unicode

ထယ်ယောင်းအိမ်တော်ကို ပြန်ရောက်တာနဲ့ သခင်မကြီးမှာ အလုပ်သမားအားလုံးကိုအမိန့်ပေးတော့သည်။

"ဒီနေ့က စပြီး မင်းတို့အားလုံး မင်းတို့ သခင်လေးကို စောင့်ကြည့်ထားကြပါ...ဒီတစ်ခါ သူထွက်ပြေးသွားလို့ကတော့ မင်းတို့အားလုံး သေပြီတာမှတ်ထားကြ သူ့ကိုလုံးဝအလစ်မပေးနဲ့ သူဘာလုပ်လုပ် အားလုံးစောင့်ကြည့်နေကြ ကြားလား.."

"ဟုတ်ကဲ့ပါ သခင်မကြီး.."

"အခု မင်းတို့သခင်လေးကို အမွေးနံ့သာနဲ့ ရေချိုးဖို့ပြင်ပေးလိုက်ကြ...ပြီးရင် အခုဝတ်လာတဲ့ အဝတ်အစားတွေကို လွှတ်ပစ်လိုက် ငါလုံးဝမမြင်ချင်ဘူး..."

"ဟုတ်ကဲ့ပါ သခင်မကြီး.."

"ထယ်ယောင်း မင်းရဲ့ မသန့်ရှင်းတဲ့ ခန္ဓာကိုယ်ကို အခုချက်ချင်း အမွှေးနံ့သာနဲ့ ရေသွားချိုး...ရေချိုးပြီးရင် အောက်ပြန်ဆင်းလာခဲ့ မင်းနဲ့ငါစကားပြောမယ်.."

ထယ်ယောင်းသူ့အမေကိုခေါင်းတစ်ချက်ငြိမ့်ပြကာ အိမ်ပေါ်တက်သွားတော့သည်။

ထယ်ယောင်းအိမ်ပေါ်တက်သွားမှ သခင်မကြီးလည်း သူ့တပည့်တွေကို အမိန့်ပေးလိုက်သည်။

"ဟိုကောင်ကို အသေသတ်ပစ်လိုက်..."

သခင်မကြီး စကားအဆုံး သခင်မကြီး တပည့်တွေလည်း သခင်မကြီးကိုအရိုအသေပေးကာ ထွက်သွားကြသည်။

သခင်မကြီးမှာ သူ့တပည့်တွေထွက်သွားတော့ အပြုံးတစ်ခုကို ချိတ်ဆွဲလိုက်သည်။

!ဟက်...ကင်မ်ထယ်ယောင်းရယ် မင်းပြန်လိုက်လာတာနဲ့ ငါက မင်းအကောင်ကို ဒီတိုင်းထားမယ်ထင်နေတာလား....အဲ့လိုဆိုမင်းတွေးတာ မှားသွားမှာပေါ့.. ငါကလွယ်လွယ်နဲ့အလျော့ပေးတက်တဲ့မိန်းမမဟုတ်ဘူး..သူက မတန်မရာလာမှန်းမှတော့ ငါကလည်းမတန်မရာမှန်းတဲ့ အဲ့အကျိုးဆက်က ဘာဆိုတာ ပြပေးရမှာပေါ့...!

ထယ်ယောင်းရေမိုးချိုးပြီး သူ့အမေစီလျှောက်လာလိုက်သည်။

"မေမေ ကျွန်တော့်ကို ပြောစရာရှိတယ်ဆို ပြောပါ..."

သခင်မကြီးမှာ သူ့သားကိုခြေဆုံးခေါင်းဆုံးကြည့်ကာ အလိုမကြတဲ့ မျက်နှာနှင့်စကားဆိုလိုက်သည်။

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now