Unicode
ဂျောင်ဂုတို့ ကိုရီးယားပြန်ရောက်တော့ သူတို့မင်္ဂလာဆောင်မှာပိုတဲ့ ငွေတွေကို မိဘမဲ့ဂေဟာမှာ သွားလှူရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် ဂျောင်ဂု ကြီးပျင်းခဲ့တဲ့ ဂေဟာကိုသွားကာ ထိုပိုက်ဆံတွေကို လိုအပ်တဲ့ နေရာမှာအသုံးပြုရန် ဂေဟာမှူးကို လှူတန်းလိုက်သည်။
"ကျေးဇူးတင်ပါတယ် သားဂျောင်ဂုရယ် ဒီပိုက်ဆံတွေကို ဂေဟာမှူး အကျိူးရှိတဲ့နေရာမှာအသုံးပြူပေးပါ့မယ်.."
"ဟုတ်ကဲ့ပါ ဂေဟာမှူး...ဂေဟာမှူးအစဥ်ပြေတဲ့နေရာသုံးပါ..."
ဂေဟာမှူးက စကားပြောနေရင်း ဂျောင်ဂုဘေးက ဆာရန်းလေးကိုမြင်တော့ မေးတော့သည်။
"ဒီကလေးလေးက ဆာရန်းလေးလား..."
"ဟုတ်ပါတယ် ဂေဟာမှူး ဒါ ကျွန်တော့်သား ဆာရန်းလေးပါ.."
"အော် ဆာရန်းလေးတောင် ဒီအရွယ်ရောက်နေပြီ...အရာရာဟာမနေ့တစ်နေ့ကလိုပါပဲလားကွယ်..ဆာရန်းလေးကိုဒီမှာလာထားသွားတုန်းက သားဂျောင်ဂုရဲ့ အမျိုးသားလေးမှာ အရမ်းကို ငိုနေတာ အခုတော့ မိသားစုလေး ပြန်ပြီးပေါင်းစည်းခွင့်ရသွားတာ ဂေဟာမှူး ဝမ်းသာပါတယ်ကွယ်..."
"ဟုတ်ကဲ့ ဂေဟာမှူး..."
"သားဂျောင်ဂုတို့မိသားစုလေး ထာဝရ ပေါင်းဖက်နိုင်ပါစေကွယ်.."
"ဂေဟာမှူးပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ.."
"အေးပါကွယ်...ပြည့်မှာပါ..."
"ဂေဟာမှူးကျွန်တော်တို့ပြန်တော့မယ်နော်...ဝင်စရာလေးရှိသေးလို့..."
"အေးပါကွယ်...အေးပါ..."
ဂျောင်ဂုတို့ မိသားစု ဂေဟာမှူးကိုနှုတ်ဆက်ကာ ပြန်လာကြပြီး သခင်မကြီး သီလရှင်ဝတ်တဲ့ နေရာကို ဝင်လာလိုက်သည်။
သူတို့ရောက်လာတော့ သခင်မကြီးက ဝမ်းသာအားရနှင့်ကြိုဆိုတော့သည်။
"သားတို့ ရောက်လာကြတာလား..."
"ဟုတ်တယ်မေမေ ဂေဟာမှာ အလှူလာလုပ်ရင်း မေမေ့ကိုသတိရလို့ဝင်လာတာ...မေမေ ဒီမှာအစဥ်ပြေရဲ့လား..."
YOU ARE READING
𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~
Fanfictionသခင်လေးဆိုတဲ့သူဟာ လူကိုအရမ်းပြုစားလွန်းတယ် သခင်လေးက ညှို့အားများရှိနေတာလား သခင်လေး ကြည့်တဲ့ အကြည့်တွေမှာ အရည်ပျော်မတက်ပါပဲသခင်လေးရယ်.....