Part-33

510 42 19
                                    

Unicode

"ဟုတ်တယ် မင်းတို့သခင်လေးက ငါ့အိမ်မှာ..."

"ဒါ..ဒါဆို သခင်မကြီးကရော...အကိုဂျောင်ဂုမသေတာသိသွားပြီပေါ့..."

"အင်း အခု သူလည်းဆေးရုံမှာ.."

"ဗျာ...ဘယ်လိုတွေဖြစ်ကုန်တာလည်းဗျာ..."

"ငါ့ရှင်းပြပါ့မယ်..."

ဂျောင်ဂုရှင်းပြတာတွေနားထောင်ပြီး မင်ယောင်းမှာ အံသြပြီးရင်းအံ့သြနေတော့သည်။

"အကိုဂျောင်ဂုရယ် သခင်မကြီးအခုလိုဖြစ်သွားမယ်လို့ ကျွန်တော် တွေးတောင်မတွေးမိဘူး...အင်းပေါ့လေ ဘယ်တက်နိုင်မှာလည်း သခင်မကြီးလည်း သူ့ဒဏ်သူခံရတာပေါ့..ဒါနဲ့အကိုဂျောင်ဂု သခင်လေးအခြေအနေဘယ်လိုရှိသေးလည်း ဆေးရောသောက်နေတုန်းလား.."

မင်ယောင်းပြောတော့ ဂျောင်ဂုမှာနားမလည်သလိုပုံစံနဲ့ကြည့်ကာ....

"မင်းတို့ သခင်လေးကဘာဖြစ်လို့လည်း.... ဆေးသောက်တာကရောဘာလည်း ငါနားမလည်ဘူး..."

"ဟင် သခင်လေး အကိုဂျောင်ဂုကိုမပြောပြဘူးလား..."

"ဟင့်အင်း ဘာမှမပြောပြ ပါဘူး..."

"သခင်လေးက ဆာရန်းလေး သေဆုံးကြောင်းသိသွားတုန်းကသူ့သားစိတ်နဲ့ စိတ်ရောဂါဝေသနာခံစားလိုက်ရတယ်လေ.."

မင်ယောင်းစကားကြားတော့ ဂျောင်ဂု ပါးစပ်အဟောင်းသားဖြစ်ကာ အံ့သြတုံလှုပ်သွားသည်။

"ဘာ... ထယ်က စိတ်ရောဂါဝေသနာ ခံစားခဲ့ရတယ်ဟုတ်လား.."

"ဟုတ်တယ် အကိုဂျောင်ဂု သခင်လေးက အရမ်းသနားဖို့ကောင်းတာ သခင်မကြီး အကိုဂျောင်ဂုစီက ပြန်ခေါ်လာတုန်းကလည်း သခင်လေးကို ကိုယ်ဝန်အတင်းဖျက်ချခိုင်းတာ...သခင်လေးမှာ အဲ့တုန်းက အကိုဂျောင်ဂုရဲ့ ရင်သွေးလေးမို့ မဖြက်ချချင်လို့ သခင်မကြီးကိုငိုယိုပြီးတောင်းပန်တာ ဒါပင်မဲ့ အသဲမာတဲ့ သခင်မကြီးက သခင်လေးကိုယ်ဝန်ကို ဖျက်ချဖို့ပဲအမိန့်ပေးခဲ့တာ...တော်သေးတာက ကိုယ်ဝန်က 7လရှိနေပြီမို့ဆရာဝန်က မဖျက်ချပေး ခဲ့တာ...အဲ့တုန်းက သခင်လေးအရမ်းကိုပင်ပန်းဆင်းရဲခဲ့တာ အကိုဂျောင်ဂုရယ်...ဆာရန်းလေးကိုမွေးလာပြန်တော့လည်း ဆေးရုံကဆင်းဆင်းခြင်း မိဘမဲ့ဂေဟာကို အတင်းပို့ခိုင်းတယ်..သခင်လေးမှာ သူ့သားလေးကိုမပို့ခြင်လို့ အတင်းတောင်းပန်တာ ဒါပင်မဲ့သခင်မကြီးက မိဘမဲ့ဂေဟာမပို့ရင် ကလေးကိုသက်ပစ်မယ်လို့ ခြိမ်းခြောက်တော့ သခင်လေးလည်း ဆာရန်းလေးကိုသက်မှာဆိုးလို့ မိဘမဲ့ဂေဟာကို မပို့ချင်ပဲပို့လိုက်ရတယ်...ပြီးတော့ သူ့သားလေးကို လွမ်းလို့ ဦးလေးကို သွားကြည့်ခိုင်းမှ ဆာရန်းလေးသေဆုံးကြောင်းသိသွားပြီး သခင်လေးမှာသွေးနုသားနုနဲ့ စိတ်ပါဖောက်ပြန်သွားတော့တာ..."

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now