Unicode
မနက်ရောက်တော့ ထယ်ယောင်းမှာ မထနိုင် ညက အကြိမ်ကြိမ်ချစ်ပွဲဝင်ထားရ၍ ပင်ပန်းပြီး လှုပ်ပါမလှုပ်ချင်တော့ပါ။
"အချစ်...ထတော့လေ...နေမြင့်နေပြီ.."
" ငါမထနိုင်ဘူးမောင်ရယ်...အရမ်း ပင်ပန်းနေပြီ.."
ထယ်ယောင်းစကားကြားတော့ ဂျောင်ဂုမှာရယ်တော့သည်။
"ဟား..ဟား..ဟား...အချစ်ရယ် အဲ့လောက်တောင် ဖြစ်သွားပြီလား... ညကတော့ မောင့်သဘောဆို.."
ဂျောင်ဂုအပြောကြောင့် ထယ်ယောင်းမှာ ရှက်ယမ်းယမ်းတော့သည်။
"မောင်နော်... ဘာမှန်းမသိဘူး ငါက မောင့်သဘောပြောပင်မဲ့ တစ်ခါနှစ်ခါဆိုတော်ရောပေါ့ မောင့်ဟာက အခါပေါင်းမှ မနည်းတာ ငါဘယ်လိုလုပ်ခံနိုင်မှာလည်း.."
"ဟုတ်ပါပြီ အချစ်ရယ် မောင်မှားတာပါ...အချစ် မထချင်ရင် နေပါ...မောင် အချစ်အတွက်မနက်စာယူလာပေးမယ်..."
ဂျောင်ဂုတစ်ယောက်ထိုသို့ပြောကာ အခန်းထဲကထွက်သွားတော့သည်။ သူအောက်ထပ်ဆင်းလာတာတော့ လူစုံတက်စုံ မနက်စာစားနေကြတာ ဖြစ်သည်။
"သား နိုးလာပြီလား..."
"ဟုတ်မာမီ..."
"ဒါနဲ့ သားထယ်ရော..."
"ထယ်က နေမကောင်းလို့အိပ်နေတယ်..."
ထယ်ယောင်းနေမကောင်းဘူးပြောတော့ ဆာရန်းမှာ မနက်စာစားနေရာက ချက်ချင်းထကာ...
"ဟင်...ပါပါး နေမကောင်းဘူးလား...ဒါဆို သားသား ပါပါးကို သတင်းသွားမေးဦးမယ်..."
"သဲကျော်လေးရယ်.. ပါပါးက အရမ်းကြီးနေမကောင်းတာမဟုတ်ပါဘူး ကိုယ်တွေလက်တွေကိုက်ပြီး ပင်ပန်းယုံပါ...သတင်းမေးချင်ရင် မနက်စာစားပြီးမှ သွားမေး ဟုတ်ပြီလား.."
"ပါပါးက ဘာလို့ ကိုယ်တွေလက်တွေကိုက်ရတာလည်း..."
"အော် သဲကျော်လေးရယ် မနေ့က ပါပါးက လူအများကြီးကိုဧည့်ခံထားတော့ ကိုယ်တွေလက်တွေကိုက်တာပေါ့.."
"အော်..."
"သဲလေး စကားတွေများမနေနဲ့ အစားကိုကုန်အောင်စား ပြီးရင် မာမီနဲ့ Shopping ထွက်မယ်..."
YOU ARE READING
𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~
Fanfictionသခင်လေးဆိုတဲ့သူဟာ လူကိုအရမ်းပြုစားလွန်းတယ် သခင်လေးက ညှို့အားများရှိနေတာလား သခင်လေး ကြည့်တဲ့ အကြည့်တွေမှာ အရည်ပျော်မတက်ပါပဲသခင်လေးရယ်.....