Part-37

454 35 1
                                    

Unicode

"သူဌေး သခင်မကြီး သတိရလာပါပြီ..."

"ဘာ သခင်မကြီးသတိရလာပြီ ဟုတ်လား..."

"ဟုတ်ပါတယ် သူဌေး အခုပဲ ဆရာဝန်တွေ စစ်ဆေး ပြီးတာပါ..."

"အခြေအနေ ဘယ်လိုတဲ့လည်း..."

"အားလုံးကောင်းပါတယ် သူဌေး.."

"အင်း...သူ့ကို သေချာစောင့်ကြည့်ထား ပြီးမှ ငါလာခဲ့မယ်..."

"ဟုတ်ကဲ့ သူဌေး..."

သူ့တပည့်ဖုန်းချ သွားတော့ ဂျောင်ဂု ထယ်ယောင်းကို လှမ်းကြည့်လိုက်သည်။

"ထယ်....သခင်မကြီးသတိရလာပြီတဲ့.."

"ဟင်...မေမေ သတိရလာပြီ ဟုတ်လား မောင်..."

"ဟုတ်တယ် ထယ် သခင်မကြီး သတိရနေပြီတဲ့.."

"ဒါ...ဒါဆို ငါ မေမေ့စီ ခဏသွားချင်တယ် မောင်...ငါ မေမေ့ကို သွားကြည့်ချင်တယ်..."

"သွားရမှာပေါ့ ထယ်ရယ်...မောင်တို့ မိသားစု အားလုံးသခင်မကြီးစီ သွားကြမယ်..."

"အင်း...မောင်..."

####

ဂျောင်ဂုတို့မိသားစု သခင်မကြီးစီကို ရောက်လာတော့ သခင်မကြီးက ကုတင်ပေါ်ကနေ လှမ်းကာကြည့်နေသည်။

ဂျောင်ဂု သခင်မကြီးနားကို လျှောက်သွားကာ...

"ဘယ်လိုလည်း သခင်မကြီး သတိရလာပြီလား..."

ဂျောင်ဂုမေးတော့ သခင်မကြီးက ဂျောင်ဂုကိုပြန်မဖြေ ထယ်ယောင်းနဲ့ ဆာရန်းကိုပဲ ကြည့်နေသည်။

"မေမေ သတိရလာပြီလား..."

"အင်း...."

"မေမေ သတိရလာပြီဆိုရင် ကောင်းကောင်းအနားယူပြီး အားမွေးဦးနော်..."

ထယ်ယောင်းပြောတော့ သခင်မကြီး မျက်ရည် ဝဲတက်လာသည်။

"သား မင်း မေမေ့ကို မမုန်းဘူးလား..."

"မမုန်းပါဘူး မေမေရယ် ဘာလို့လဲဆိုတော့ မေမေက သားကို မွေးထုတ်ထားတဲ့ မေမေလေ သားဘယ်လိုလုပ်မုန်းရက်မှာလည်း..."

ထယ်ယောင်းစကားကြားတော့ သခင်မကြီးမှာ ထယ်ယောင်းကိုဖက်ကာ ငိုတော့သည်။

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now