Part-12

299 31 6
                                    

Unicode

ထယ်ယောင်းပျောက်သွားတာ တပတ်ကျော်သွားပြီဖြစ်၍ မဂ်လာပွဲလည်းပျက်လို့သွားသည်။ ထို့ကြောင့်သခင်မကြီးမှာ သူ့သားကိုဒေါသအကြီးအကျယ်ဖြစ်တော့သည်။ ဒိုဟီးရဲ့ မိဘတွေကလည်း သခင်မကြီးကို မဂ်လာပွဲပျက်သွားသည့်အတွက် ပြောဆိုအပြစ်တင်ကြကာ သခင်မကြီးနဲ့တွဲလုပ်မဲ့ လုပ်ငန်းတွေကိုပါ အားလုံးဖျက်သိမ်းပစ်လိုက်သည်။

"တောက်....ကင်မ်ထယ်ယောင်း ...မင်းကတော့လေ ပြန်တွေ့ရင်တော့မှတ်လောက်သားလောက်အောင်ဆုံးမပစ်မယ်..ငါ့ကို ငါ့မိတ်ဆွေတွေ ကြားမျက်နှာပျက်အောင်လုပ်ပြီး အပုန်းကောင်းနေတာပေါ့.....မိဘကိုအရှက်ခွဲတဲ့သား ပြန်တွေ့ရင် လွယ်မယ်မထင်နဲ့..."

ထယ်ယောင်းနဲ့ဂျောင်ဂုကတော့ နယ်စပ်မြို့လေးတစ်မြို့မှာ သူတို့နှစ်ယောက်ရဲ့ဘဝကို ထူထောင်နေကြသည်။ ဂျောင်ဂုမှာ ပါလာတဲ့ပိုက်ဆံလေးနဲ့ သင့်တော်တဲ့အိမ်လေးတစ်လုံးငှားကာဝမ်းရေးအတွက် ရသမျှအလုပ်အကုန်လုပ်တော့သည်။ ထယ်ယောင်းကိုတော့ ဘာမှမခိုင်းအိမ်မှာသာနေစေသည်။

"မောင် ပြန်လာပြီလား..."

"အင်း ထယ် မောင်ပြန်လာပြီ..."

ချွေးတွေစို့နေတဲ့ ဂျောင်ဂုရဲ့ မျက်နှာလေးကိုမြင်ရတော့ ထယ်ယောင်းမှာ စိတ်မကောင်း... သူ့အတွက်နဲ့ ဂျောင်ဂုတော်တော်လေးပင်ပန်းနေပြီဖြစ်သည်။ မနက်ဆိုအစောကြီးထကာ ဆောက်လုပ်ရေး လုပ်ငန်းတခုမှာ အလုပ်ကြမ်းလုပ်ရသည်။ ထိုအလုပ်ကို ထယ်ယောင်းမလုပ်စေချင်ပါ၊ ဆောက်လုပ်ရေးအလုပ်ဆိုတာ အရမ်းပင်ပန်းလွန်းတယ်လေ...

"မောင်ရယ် တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့ ငါ့ကြောင့် မောင်အရမ်းပင်ပန်းနေပြီ..."

ဂျောင်ဂုရဲ့ ကိုယ်လေးကို ဖက်ကာ စကားဆိုလိုက်သည်။

"ထယ်ရယ် မောင့်ကို မဖက်ပါနဲ့ဦး မောင့်ကိုယ်ကချွေးတွေနဲ့ နံစော်နေတာ ထယ် ညစ်ပတ်နေလိမ့်မယ်..."

"ဟင့်အင်း ငါ မောင့်ချွေးနံ့ကိုကြိုက်တယ် ခဏတော့ဖက်ခွင့်ပြုပါ..."

ထယ်ယောင်းမှာ ဂျောင်ဂုကိုမလွှတ်တန်းဖက်တွယ်ထားတော့သည်။

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now