Part-10

297 31 4
                                    

Unicode

ဒီနေ့ သခင်မကြီး ပြန်ရောက်မယ်ပြော၍ အိမ်တော်တစ်ခုလုံးတိတ်ဆိတ်နေတော့သည်။

ခြံထဲကားရပ်သံကြား၍ ထယ်ယောင်းတစ်ယောက် သူ့အမေပြန်လာပြီမှန်းသိ၍ အပြေးလေး ထွက်ကြိုတော့သည်။

သခင်မကြီး ကားပေါ်ကဆင်းလာတော့ ထယ်ယောင်းလည်း သခင်မကြီးကိုနှုတ်ဆက်လိုက်သည်။

"မေမေ ပြန်လာပြီလား..."

"အင်း.."

ထယ်ယောင်းကို အင်းတစ်လုံးပဲ ဖြေကာ အိမ်တော်ထိန်းဘက် လှည့်ကြည့်ကာ စကားဆိုလိုက်သည်။

"အိမ်တော်ထိန်း ဂျောင်ဂုကို သွားခေါ်လိုက်ပါ.."

"ဟုတ်ကဲ့ပါ သခင်မကြီး.."

ထယ်ယောင်းမှာ ဂျောင်ဂုကို သွားခေါ်ပြော၍ သခင်မကြီးကို အလန့်တကြားလှမ်းကြည့်နေမိသည်။

ခဏအကြာ ဂျောင်ဂုရောက်လာတော့ သခင်မကြီးမှာ ဂျောင်ဂုကိုစိမ်းစိမ်းကားကားကြည့်ကာ ဂျောင်ဂုရဲ့ ပါးကို ဘယ်ပြန်ညာပြန် ရိုက်တော့သည်။

"ဖြန်း...ဖြန်း...ဖြန်း...ဖြန်း...အနူလက်နဲ့ ရွှေခွက်နိုင်ချင်တဲ့အကောင်....ရာရာစစ ငါ့သားကိုမှ မင်းက ကြံရတယ်လို့..."

ထယ်ယောင်းမှာ ဂျောင်ဂုပါးကို သူ့အမေရိုက်လိုက်၍ အံသြလွန်းကာ ပါးစပ်အဟောင်းသားလေးဖြစ်သွားသည်။

ဂျောင်ဂုမှာလည်း ထယ်ယောင်းနဲ့သူ့အကြောင်းသခင်မကြီး သိသွားပြီဆိုတာသိလိုက်ရ၍ အထိတ်ထိတ်အလန့်လန့်ဖြစ်သွားသည်။

"သ...သခင်မကြီး..."

"ဟက်..တော်တော်အရှက်မရှိတဲ့အကောင်...ငါ့သားနဲ့မင်းနဲ့တန်လို့လား...လူဆိုတာတူရာတန်ရာမှန်းရတယ်...တူရာတန်ရာမမှန်းရင် ဖြစ်လာမဲ့အကြိုးဆက်တွေကို မင်းသိတယ်မှတ်လား..."

"သိပါတယ် သခင်မကြီး..."

"မင်းသိတယ်ဆိုတော့ တော်သေးတာပေါ့...ငါက မင်းကိုယုံကြည်လို့ ငါ့သားကို ဆောင့်ရှောက်ခိုင်းခဲ့တာ...ဒါကို မင်းက အခွင့်ကောင်းယူပြီး ငါ့သားကို ကြံတယ်ပေါ့လေ..."

"ကျွန်တော် သခင်လေးကို တကယ်ချစ်တာပါ..."

"တိတ်စမ်း မင်းပါးစပ်က ငါ့သားကိုချစ်တယ်ဆိုတဲ့ စကားမပြောနဲ့...ရွံလွန်းလို့...မင်းလို မိမရှိ၊ ဖမရှိ မိဘ​မဲ့ဂေဟာကနေ ကြီးပျင်းခဲ့ရတဲ့ကောင်က ငါ့သားလိုလူမျိုးကို ချစ်တယ်ဟုတ်လား..ထွီ...ရွံစရာတွေ... "

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now