Part-23

368 36 19
                                    

Unicode

ဒီနေ့ JK Groupက သူဌေးနဲ့တွေ့ရမှာမို့ ထယ်ယောင်းစိတ်လှုပ်ရှားနေမိသည်။ သူဌေးနဲ့တွေ့ရင်ချေးငွေကိစ္စ ဘယ်ကနေဘယ်လို စပြီးပြောရမလည်းလို့တွေးပြီးစိတ်ပူနေတော့သည်။

"သခင်လေး အစဥ်သင့်ဖြစ်ရင် JKကုမ္ပဏီကိုသွားရအောင်.."

"ဟို အကိုဂျယ်ဆော့ JK Groupက သူဌေးရဲ့နာမည်ကဘယ်သူလည်း သူဌေးနဲ့တွေ့ရမှာဆိုတော့ သူ့နာမည်လေးတော့ သိထားသင့်တယ်ထင်တယ်.."

"ဟုတ်သခင်လေး JK Groupရဲ့ သူဌေးနာမည်က ဂျွန်ဂျက်စ်စတင်ဂျေးပါ သူ့ကို အတိုကောက်မစ္စတာ ဂျေးလို့ခေါ်ကြတာများတယ်..."

"အော် ဂျွန်ဂျက်စ်စတင်ဂျေးတဲ့လား...ဟုတ် ကျွန်တော် သေချာမှတ်ထားလိုက်ပါ့မယ်.."

ထယ်ယောင်း စိတ်လှုပ်ရှားစွာနဲ့ JKကုမ္ပဏီကိုရောက်လာတော့သည်။

"ဘယ်သူနဲ့တွေ့ချင်လို့ပါလည်း.."

ကုမ္ပဏီအဝင်အဝရောက်တော့ ဧည့်ကြိုကောင်မလေးက ထယ်ယောင်းတို့ကိုမေးတော့သည်။

"ဟို ..မစ္စတာဂျေး နဲ့တွေ့ဖို့ လာတာပါ.."

"သူဌေးနဲ့ ချိန်းထားပြီးသားလားရှင့်..."

"ဟုတ် ချိန်းထားပါတယ် မစ္စတာဂျေးက လာတွေ့ခိုင်းတာပါ.."

"ဟုတ်ကဲ့ဒါဆို ခဏလေးနော် ကျွန်မဆက်သွယ်ပေးမယ်.."

ခဏအကြာ ဧည့်ကြိုကောင်မလေးက ဖုန်းစကားပြောပြီး သူတို့ကိုခေါင်းငြိမ့်ပြလိုက်သည်။

"ရုံးခန်းကို သွားလို့ရပါပြီရှင့် သူဌေးက လွှတ်လိုက်ပါတဲ့..."

"ဟုတ်ကဲ့ ကျေးဇူးပါ...လာမေမေ သွားမယ်.."

ထယ်ယောင်း သူဌေးရုံးခန်းရှိရာစီ ရောက်တော့ ခြေလှမ်းတွေ တွန့်စုတ်လို့နေသည်။ ဘာကြောင့်မှန်းမသိ ရင်တွေတဒုန်းဒုန်းနဲ့ခုန်ပေါက်လို့နေသည်။

"ဟဲ့ ဘာလုပ်နေတာလည်း ဝင်မယ်လေ.."

"ဗျာ..ဟုတ်ကဲ့ မေမေ.."

ထယ်ယောင်းလည်း ရင်တထိတ်ထိတ်နဲ့ ရုံးခန်းတံခါးကို ခေါက်လိုက်သည်။

"ဒေါက်..ဒေါက်..ဒေါက်.."

"ဝင်ခဲ့ပါ.."

အထဲက ဝင်ခဲ့ပါဆိုတဲ့အသံကြား၍ ထယ်ယောင်းနဲ့ သခင်မကြီးလည်း ရုံးခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now