Part-15

306 29 13
                                    

Unicode

ဒီနေ့ တစ်နေ့လုံး ထယ်ယောင်း မျက်ခုံးတွေလှုပ်နေတော့သည်။

"မောင်.. ငါဒီနေ့ ဘာဖြစ်တာလည်းမသိဘူး မျက်ခုံးတွေ အရမ်းလှုပ်နေတာပဲမောင်ရယ်.."

"ဘာမှမဖြစ်ပါဘူး ထယ်ရယ် စိတ်ထဲတွေးမနေပါနဲ့..."

ထယ်ယောင်းကိုသာထိုသို့ပြောပင်မဲ့ သူလည်း ဒီနေ့ အလုပ်လုပ်တာ အလွဲလွဲအမှားမှားတွေဖြစ်နေ၍ စိတ်တွေလေးလံလို့နေသည်။

"ထယ်... အိမ်ပေါ်မှာ သွားနေနော် ဒီမှာ နေတွေပူလာပြီ မောင် ဒီတတန်းမြေသြဇာကြဲပြီးတာနဲ့ အိမ်ထဲဝင်လာခဲ့မယ်.."

"အင်း မောင် ဒါဆို ငါခဏ သွားလှဲဦးမယ်..."

ထယ်ယောင်း အိမ်ပေါ်တက်သွားမှ ဂျောင်ဂုလည်းမြေသြဇာကြဲရန် လုပ်တော့သည်။

"သခင်မကြီး ရောက်လာပြီလား..."

"အင်း...မင်းတို့ ဟိုလူတွေကို ခေါ်ပြီးပြီလား.."

"ခေါ်ပြီးပါပြီ သခင်မကြီး... သခင်မကြီးလာတာနဲ့သွားဖို့ ပြင်ဆင်ထားပြီးပါပြီ..."

"ဒါဆို မြန်မြန်သွားမယ်.....အခုချက်ချင်း သွားဖို့ပြင်တော့.."

"ဟုတ်ကဲ့ပါသခင်မကြီး.."

သခင်မကြီးနဲ့သူ့တပည့်တွေလည်း လူစုကာ ထယ်ယောင်းတို့တည်ရှိတဲ့ တောရွာလေးကို ထွက်လာကြတော့သည်။

ဂျောင်ဂုလည်း အလုပ်အားလုံးပြီးသွား၍ အိမ်ပေါ်ပြန်တက်လာကာ ထယ်ယောင်းလှဲနေတဲ့ နားဝင်လှဲအိပ်လိုက်သည်။

"ထယ် ငြိမ်လှချည်လား ဘာဖြစ်လို့လည်း.."

"ဘာမှမဖြစ်ပါဘူးမောင်ရယ် ဗိုက်က လရင့်လာတော့ ထိုင်ရထရတာမကောင်းလို့ လှဲအိပ်နေတာ..."

"အော်..မောင့်အချစ် ကိုယ်ဝန်ဆောင်ရတာ အရမ်းပင်ပန်းနေပြီကွာ..."

"မပင်ပန်းပါဘူး မောင်ရယ်.. ကိုယ်ဝန်ဆောင်တိုင်းငါ့လို ဖြစ်ကြတာကြီးပါပဲ ငါတစ်ယောက်ထဲဖြစ်တာမှမဟုတ်တာ..."

"အင်းပါ ထယ်ရယ် မောင်က မောင့်အချစ်ကို စိတ်ပူလို့ပါ..."

ဂျောင်ဂုမှာပြောပြောဆိုဆိုနှင့် ထယ်ယောင်းရဲ့ ဗိုက်ပူပူလေးကို သူ့လက်လေးနဲ့ပွတ်သက်ပေးနေတော့သည်။

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now