Part-5

355 35 3
                                    

Unicode

သခင်မကြီးက အခုရက်ထဲ ကုမ္ပဏီကိစ္စတွေနဲ့ ရှုပ်နေ၍ အိမ်တော်ကို မိုးတော်တော်ချုပ်လောက်မှ ပြန်ရောက်သည်။Taehyungမှာ သခင်မကြီး အလုပ်ရှုပ်နေတာကို အခွင့်ကောင်းယူပြီး သူလုပ်ကြည့်ချင်တာတွေကို လုပ်ကြည့်ဖို့တွေးလိုက်သည်။

"Jeon Jungkook ဒီနေ့ မေမေ နောက်ကြမှ ပြန်ရောက်မှာ ငါ့ကို အပြင်လိုက်ပို့ပေးပါလား..."

"ဟုတ် သခင်လေး သခင်လေးသွားချင်တယ်ဆို လိုက်ပို့ပေးပါ့မယ်..."

Taehyung Jungkookကိုခေါ်ကာ ကစားကွင်းကို လာလိုက်သည်။ ပြီးနောက် ကစားကွင်းထဲက သူ့စီးကြည့်ချင်တဲ့ အရာတွေကို လိုက်စီးတော့သည်။

သူလုပ်ချင်တာတွေလုပ်ရလို့ ကလေးတစ်ယောက်လို ပျော်ရွှင်ရယ်မောနေတဲ့ သခင်လေးကိုကြည့်ပြီး Jungkookလည်း ပြုံးနေမိသည်။ သခင်လေးက ပြုံးရင်အရမ်းလှသည်။ သခင်လေးကို အမြဲတမ်းပြုံးနေစေချင်သည်။

သခင်လေးက သူစီးချင်တာတွေလိုက်စီးပြီးမောသွားလို့ထင်ပါရဲ့ သူရှိတဲ့နားကို ရောက်လာသည်။

"Jeon Jungkook..."

"ဟုတ် သခင်လေး ပြောပါ..."

"ငါ့ကို ရေခဲမုန့်ဝယ်ကျွေးပါလား..."

"သခင်လေးက ရေခဲမုန့်စားချင်လို့လား..."

"အင်း ငါစားချင်တယ်.."

"ဒါဆို ခဏစောင့်နော် ကျွန်တော်သွားဝယ်ပေးမယ်..."

Jungkook ချက်ချင်းအပြေးသွားကာ ရေခဲမုန့်သွားဝယ်တော့သည်။ သူရေခဲမုန့်ဝယ်ပြီး ပြန်လာတော့ သခင်လေးက သူထားခဲ့တဲ့ထိုင်ခုံလေးမှာထိုင်ကာစောင့်နေသည်။

"သခင်လေး ရေခဲမုန့်ရပါပြီ...

"ကျေးဇူးပဲ Jeon Jungkook..."

သခင်လေးက သူဝယ်ကျွေးတဲ့ ရေခဲမုန့်လေးကိုစားကာ လူသွားလူလာတွေလည်းလိုက်ကြည့်နေသည်။

"Jeon Jungkook ငါလေ အရမ်းပျော်တာပဲသိလား ၊ အခုလို စိတ်ရှိလက်ရှိ တစ်ခါမှ မပျော်ခဲ့ရဖူးဘူး ၊ မင်းလေ ငါပြောရင် ယုံမှာမဟုတ်ဘူး ငါ တစ်ခါမှ ကစားကွင်းကို မရောက်ဖူးဘူး ဒါပထမဆုံးပဲ ငယ်ငယ်က ငါ ကစားကွင်းအရမ်းသွားချင်ခဲ့တာ ၊ မေမေက သူ့အလုပ်နဲ့ သူရှုပ်နေလို့ ငါ့ကို တစ်ခါမှ ကစားကွင်းလိုက်မပို့ပေးခဲ့ဘူး ငါလေ အဲ့တုန်းက အရမ်းဝမ်းနည်းခဲ့တာ သူများကလေးတွေလို ကစားကွင်းသွားပြီး စော့ဖူးချင်ခဲ့တာ၊ အခုတော့ ငါ့ရဲဆန္ဒပြည့်ခဲ့ရပြီ အဲ့ဒါ မင်းရဲ့ကျေးဇူးကြောင့်ပဲ....မင်းကိုငါအရမ်းကျေးဇူးတင်တယ်.."

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now