Part-29

433 39 11
                                    

Unicode

ဆာရန်းလေးဂိမ်းဆော့နေတဲ့နားမှာထိုင်ပြီး ဆာရန်းကိုငေးကြည့်နေတဲ့ထယ်ယောင်း....

!မောင့်သားလေးက သေချာကြည့်လေ မောင်နဲ့တူလေပဲ မျက်လုံးဝိုင်းဝိုင်းလေးတွေ နှုတ်ခမ်းပါပါးလေးတွေ နှာခေါင်းလုံးလုံးလေးတွေ အားလုံးက မောင်နဲ့ တ​ေထရာထဲ တူနေတာပဲ..!

ထယ်ယောင်းမှာ ဆာရန်းကိုငေးကြည့်ရင်းစိတ်ထဲအလိုလိုပြုံးနေမိသည်။

ဆာရန်းဂိမ်းဆော့ရင်း ထယ်ယောင်းကိုကြည့်မိတော့ သူ့ကိုငေးကာကြည့်နေသည့် ထယ်ယောင်းကိုမြင်ပြီး သဘောကျကာ ထယ်ယောင်းရဲ့ ပါးလေးတစ်ဖက်ကို လှမ်းနမ်းတော့သည်။

"ရွှတ်..."

ဆာရန်းလေးနမ်းလိုက်တော့ ထယ်ယောင်းမှာ ပါးစပ်အဟောင်းသားနှင့် ဆာရန်းနမ်းလိုက်တဲ့ ပါးလေးကိုကိုင်ကာ ဆာရန်းကို စကားဆိုလိုက်သည်။

"သားလေး ပါပါးကို နမ်းလိုက်တာပေါ့.."

"ဟုတ်တယ်လေ ပါပါးက အရမ်းချစ်ဖို့ကောင်းလွန်းလို့ မနေနိုင်လို့ နမ်းလိုက်တာ.."

ဆာရန်းစကားကြားတော့ ထယ်ယောင်းပြုံးမိသွားသည်။

"ပါပါးကို ခ်စ္လား...."

"ချစ်တာပေါ့ သားသားပါပါးကိုအရမ်းချစ်တာ..."

ဆာရန်းမှာ ထယ်ယောင်းကိုလက်လေးနှစ်ဖက် ဆန့်ထုတ်ပြ ကာ သူဘယ်လောက်ချစ်ကြောင်းပြောပြနေသည်။

ထယ်ယောင်းမှာတော့ ဆာရန်းလုပ်ပြနေတဲ့ ပုံစံကြောင့်အသဲတွေယားလာတော့သည်။ ဒီကေလးဟာ သူမချစ်ပဲမနေနိုင်အောင် အမျိုးမျိုးတွေလုပ်ပြနေ၍ ထယ်ယောင်းမှာ ဆာရန်းကိုမချစ်ပဲမနေနိုင်...

"ပါပါး သားသားကိုရော ချစ်လားဟင်..."

"ချစ်တာပေါ့ သားလေးရယ် ပါပါးသားလေးကိုအရမ်းချစ်ပါတယ်..."

"သားသားလည်းပါပါးကိုအရမ်းချစ်တာ...ပါပါးကိုလေ ဒယ်ဒီထပ်ပိုချစ်တယ်သိလား...ဒါပင်မဲ့ ဒယ်ဒီကိုတော့ သွားမပြောနဲ့နော်..."

ဆာရန်းစကားကြောင့်ထယ်ယောင်းမှာ မရယ်ပဲမနေနိုင်တော့...သူ့ကို သူ့ဒယ်ဒီထပ် ပိုချစ်တယ်ပြောပြီး သူ့ဒယ်ဒီကိုလည်းသွားပြောမှာဆိုး၍ မှာနေသေးတဲ့ ဆာရန်းကို ထယ်ယောင်းမှာ သဘောတွေကြနေတော့သည်။

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now