Part-7🚨

623 32 2
                                    

Unicode

မီးရောင်စုံ တဖျက်ဖျက်တောက်နေတဲ့ကြားထဲ ကခုန်ပျော်ပါးနေတဲ့ သခင်လေးကိုကြည့်ကာ ဂျောင်ဂုပြုံးနေမိသည်။ သခင်လေးက သူလုပ်ချင်တာလုပ်ရလို့ ပျော်ရွှင်ကာ ကခုန်နေတော့သည်။ ဂျောင်ဂုကတော့ သခင်လေး ကခုန်နေတာကို မလှမ်းမကမ်းကနေ ကြည့်နေသည်။

ခဏအကြာ သခင်လေးက မောလို့ထင်ပါရဲ့ ဂျောင်ဂုနားကို ရောက်လာသည်။

"ထယ်..က လို့ ပြီးပြီလား..."

ကခုန်လို့ ချွေးစို့နေတဲ့ မျက်နှာလေးကို လက်ကိုက်ပဝါလေးနဲ့သုတ်ကာ သခင်လေးက ပြန်ပြောသည်။

"ပြီးမှ ထပ်က တော့မယ်...အခုငါ ဝီစကီ သောက်ချင်တယ် ငါ့ကို မှာပေးပါ

သခင်လေး ဝီစကီမှာခိုင်း၍ ဂျောင်ဂုမျက်လုံးပြူးသွားသည်။

"မဖြစ်ဘူး ထယ် ဝီစကီတော့ မသောက်ရဘူး.."

"ဘာလို့လည်းမောင်ရယ် သူများတွေလည်း သောက်နေကြတာပဲ ငါလည်း သောက်ကြည့်ချင်တယ်လေ..."

"ဟင့်အင်း ထယ် ဝီစကီက ပျင်းတယ် ထယ်သောက်ဖို့ မသင့်တော်ဘူး..."

"လုပ်ပါ ဂျောင်ဂုရယ် ငါ လည်း လူငယ်တစ်ယောက်ရဲ့ အခွင့်အရေးတွေကို မေမေမရှိတုန်း လုပ်ကြည့်ချင်တယ်....တစ်ခွက်လောက်ပဲ မှာပေးပါ ငါတစ်ခွက်ပဲ သောက်ကြည့်ပါ့မယ်..."

ချစ်ရသူက အတင်းတောင်းဆိုနေ၍ ဂျောင်ဂု
လည်း မတားချင်တော့၊ ထို့ကြောင့် ချစ်သူသောက်ချင်နေတဲ့ ဝီစကီကို မှာပေးဖို့ ဆုံးဖြတ်လိုက်သည်။

"ဒါဆို မောင် မှာပေးမယ်...ခဏစောင့်ဦး..."

မှာပေးမယ်ပြောတော့ သခင်လေးက ပြုံးပျော်လို့သွားသည်။

ထယ်ယောင်း လူငယ်တွေလုပ်တဲ့ အရာတွေမှန်သမျှ လုပ်ကြည့်ချင်သည်။ သူ့ဘဝမှာ  ...လူငယ်ဘဝပျော်ရွှင်ခွင့်ဆိုတာမရှိခဲ့၊ သခင်မကြီးချထားတဲ့ ပုံစံခွက်ထဲမှာပဲ ဘဝကိုနှစ်မြုတ်ထားရတာဖြစ်သည်။ ထို့ကြောင့် သခင်မကြီး မရှိတုန်းတော့ သူလည်း တခြားလူငယ်တွေ လုပ်တဲ့အရာမှန်သမျှ လုပ်ဖူးကြည့်ချင်သည်။

"ထယ်...ထယ် သောက်ချင်နေတဲ့ ဝီစကီ ရပြီ.."

ဂျောင်ဂုကမ်းပေးတဲ့ ဝီစကီခွက်ကိုသခင်လေးက ဆွဲယူကာတစ်ငုံ့ ငုံ့လိုက်သည်။

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now