Part-31

452 38 15
                                    

Unicode

အိမ်ပြန်ရောက်တော့ ထယ်ယောင်းမှာ အိမ်ထဲဝင်ဖို့အရေးခြေလှမ်းတွေတွန့်စုတ်နေတော့သည်။

"ဝင်လေ ဘာလုပ်နေတာလည်း..."

"အင်း..."

ထယ်ယောင်းနဲ့ဂျောင်ဂုအိမ်ထဲဝင်လာတော့ ဧည့်ခန်းမှာ TVထိုင်ကြည့်နေတဲ့ Angela က ထယ်ယောင်းနဲ့ ဂျောင်ဂုကို လှမ်းကြည့်နေတော့သည်။

ထယ်ယောင်းမှာတော့ Angelaကို မြင်ပြီး တော်တော်ချောတဲ့အမျိုးသမီးလေးလို့ကောက်ချက်ချလိုက်သည်။

!မောင့် မိန်းမကငယ်ငယ်ချောချောလေးပဲ .....ဒါကြောင့်လည်းမောင့်က သူ့ကို ချစ်တာပေါ့လေ.....မောင်က တကယ့်အချောအလှလေးကို ရထားတာပဲ...!

ထယ်ယောင်းတွေးရင်း သူ့ကိုယ်သူ သိမ်ငယ်စိတ်ဝင်လာတော့သည်။

"ပြန်လာပြီလား...ဂျေး..."

"အင်း ပြန်လာပြီ...Angela ဒါကိုယ်ပြောတဲ့ တစ်ယောက်​လေ ကင်မ်ထယ်ယောင်းဆိုတာ...."

Angelaက ထယ်ယောင်းကို သေချာကြည့်ကာ ပြုံးပြုံးရွှင်ရွှင်နဲ့နှုတ်ဆက်လိုက်သည်။

"ဝါး....အကိုက  အရမ်းချောတာပဲ...ဂျေးပြောတုန်းက အဲ့လောက်ချောမယ်လို့တောင်မထင်ထားဘူး....တွေ့ရတာဝမ်းသာပါတယ် အကိုထယ်ယောင်း...ကျွန်မနာမည် Angelaပါ.."

ထယ်ယောင်းမှာသူ့ကိုပြုံးပြုံးရွှင်ရွှင်နဲ့နှုတ်ဆက်နေတဲ့ Angelaကြောင့်အံသြနေမိသည်။ ဘယ်သူမဆို ကိုယ့်ယောကျာ်းနဲ့ပက်သက်နေတဲ့လူကို ဘယ်သူက ကြည်ဖြူချင်မှာလည်း သို့ပင်မဲ့ Angelaကတော့ အဲ့လိုမဟုတ် သူ့ကိုပြုံးပြုံးရွှင်ရွှင်နဲ့တောင်နှုတ်ဆက်နေလိုက်သေးသည်။

"အား....ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်...Angela..."

"ဂျေး...ငါဗိုက်ဆာနေပြီ...တခုခု ကျွေးဦး..."

"ဟို...Angela ဗိုက်ဆာရင် ကျွန်တော် တခုခုလုပ်ပေးပါ့မယ်...ခဏနော်..."

ထယ်ယောင်းပြာပြာသလဲနှင့် ထဖို့ပြင်တော့ ဂျောင်ဂုက တားတော့သည်။

"မလိုဘူး...ဘာမှ လုပ်မနေနဲ့ သားကိုကြိုရင်းနဲ့ အပြင်မှာဝယ်ကျွေးလိုက်မယ်..."

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now