Part-8

380 37 6
                                    

Unicode

ရေချိုးခန်းထဲကထွက်လာတော့ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ သခင်လေး ရဲ့ မျက်နှာလေးကိုတစ်ဝကြီးထိုင်ကာ ငေးကြည့်နေမိသည်။

မနက်ရောက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ သူ့ရဲ့ ချစ်ရသူကိုကြည့်ကာ ဂျောင်ဂုမနှိုးရက် ချစ်ရသူလေးနိုးလာမှ အိမ်ပြန်ဖို့ဆုံးဖြတ်ထားသည်။

ခဏအကြာ ထယ်ယောင်းတစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်ကာနိုးလာသည်။

"ထယ်...နိုးပြီလား..."

အိပ်ချင်မူးတူးမျက်လုံးလေးနဲ့ ဂျောင်ဂုကိုကြည့်ကာ....

"အင်း...မောင်..."

"ထယ်...ဘယ်လိုနေသေးလည်း နာသေးလား..."

ဂျောင်ဂုမေးတော့ ထယ်ယောင်း မျက်နှာလေးနီရဲတက်လာသည်။ ညက ဆေးရှိန်ကြောင့်သာ မရှက်မိပင်မဲ့...အခုကြ ဘာကြောင့်မှန်းမသိ ရှက်လို့နေမိသည်။

"ထယ် မောင်မေးနေတယ်လေ နာသေးလားလို့..."

"ဟင်...အင်း...မ...မနာတော့ဘူး..."

"ထယ် နေရထိုင်ရတာ အစဉ်မပြေတဲ့ နေရာရှိရင်မောင့်ကိုပြောနော်..."

"အင်း မောင်..."

"ဒါဆို မောင်တို့ ပြန်ကြမယ်..."

"ပြန်ကြတာပေါ့...."

###

အိမ်တော်ကိုပြန်ရောက်တော့ သူတို့ကို အပေါက်ဝကနေစီးကြိုစောင့်နေတဲ့ အိမ်တော်ထိန်းလီနဲ့ တိုးတော့သည်။

"သခင်လေး ဘယ်တွေလျှောက်သွားနေတာလည်း ကျွန်တော်မှာ စိတ်ပူလိုက်ရတာ.."

"စိတ်မပူပါနဲ့ အိမ်တော်ထိန်းရယ် ကျွန်တော်က မနက်စောစောလမ်းလျှောက်ထွက်တာပါ...ဘယ်မှမသွားပါဘူး..."

"ဒါပင်မဲ့ သခင်လေးရယ် သခင်လေးကမပြောမဆိုနဲ့ ပျောက်သွားတော့ ကျွန်တော်တို့ လန့်တာပေါ့..."

"အင်းပါ နောက်တစ်ခါအပြင်သွားရင် အိမ်တော်ထိန်းကို အသိပေးပြီးမှ သွားမယ်နော်..."

"ဟုတ်ကဲ့ပါ သခင်လေး..."

"ဒါဆို ကျွန်တော် ခဏလောက်နားဦးမယ်..."

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now