Unicode
Jungkookသူ့နားနေဆောင်ရောက်တော့ ရင်ဘက်ကို လက်နှစ်ဖက်နှင့် ပြန်ကာဖိ၍ သူ့ရင်ခုန်သံကိုပြန်ကာ နားထောင်နေသည်။
သခင်လေးဆိုတဲ့သူဟာ လူကိုအရမ်းပြုစားလွန်းတယ် သခင်လေးက ညှို့အားများရှိနေတာလား သခင်လေး ကြည့်တဲ့ အကြည့်တွေမှာ အရည်ပျော်မတက်ပါပဲသခင်လေးရယ်.....
"သားရေ မေမေ ပြန်လာပြီ.."
အိပ်ပျော်နေရာမှ တံခါးခေါက်သံကြား၍ Taehyung ထဖွင့်ပေးလိုက်သည်။သူအမေကိုမြင်တော့ အတင်းပြေးဖက်ကာ ကပ် ချွဲတော့သည်။
"မေမေ....လွမ်းနေရတာမေမေရယ်.."
"မေမေလည်း လွမ်းတာပေါ့သားရယ် မေမေ့မှာ ဒီသားလေးတစ်ယောက်ပဲရှိတဲ့ဟာကို..."
"အဲ့ဒါဆို ဘာလို့ သားကို နိုင်ငံခြားလွှတ်လည်း..."
"ဒါကတော့သားရယ် သားပညာရေးအတွက်လွှတ်တာပါ...မေမေလည်းသားနဲ့ဘယ်ခွဲချင်မှာလည်း ဒါပင်မဲ့ သားပညာရေးရှိသေးတယ်လေ..."
"ဟုတ်ပါပြီ မေမေရယ် အခုသားလည်း ပြန်ရောက်နေပြီပဲ...သားတို့ သားအမိနှစ်ယောက်ထပ်ပြီးမခွဲရတော့ပါဘူး...သားက မေမေ့နားမှာပဲ
တသက်လုံးနေတော့မှာ...""အမလေး အဲ့စကားကြားတာနဲ့တင် မေမေလွမ်းခဲ့ရသမျှ ပြေပျောက်နေပါပြီသားရယ်.."
သူ့သားမျက်နှာလေးကိုကိုင်ကာ မျက်နှာအနှံ့အနမ်းတွေချွေလိုက်သည်။
သားဖြစ်သူကလည်း သူ့အမေရဲ့ ပါးပြင်ကိုပြန်ကာ အနမ်းတွေချွေနေသည်။
"မေမေတို့ ညစာသွားစားရအောင် အိမ်တော်ထိန်းကသူကိုယ်တိုင်ချက်ထားတယ်တဲ့.."
"ဟုတ်မေမေ သားလည်း အိမ်တော်ထိန်းလက်ရာကို လွမ်းနေတာ..."
သားအမိနှစ်ယောက်ပြုံးပျော်ကာ ညစာအတူတူစားကြသည်။
ညစာစားပြီးတော့ သူ့အမေအတွက်ဝယ်လာတဲ့လက်ဆောင်လေးကိုယူကာ သူ့အမေကိုပေးလိုက်သည်။
"ရော့ မေမေ မေမေအတွက်လက်ဆောင်..."
"ဘာတွေလည်းသားရဲ့..."
သခင်မကြီးကသူ့သားပေးတဲ့လက်ဆောင်ကိုယူကာဖွင့်ကြည့်လိုက်သည်။
YOU ARE READING
𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~
Fanfictionသခင်လေးဆိုတဲ့သူဟာ လူကိုအရမ်းပြုစားလွန်းတယ် သခင်လေးက ညှို့အားများရှိနေတာလား သခင်လေး ကြည့်တဲ့ အကြည့်တွေမှာ အရည်ပျော်မတက်ပါပဲသခင်လေးရယ်.....