Part-4

338 33 3
                                    

Unicode

Taehyungမှာ Jungkookနဲ့တွေ့မှ သူ့ဘဝလွတ်လပ်မှု့ကိုရရှိတော့သည်။ Jungkookနဲ့အပြင်ထွက်တိုင်း သူလုပ်ချင်တာတွေ သူသွားချင်တာတွေ သွားရသည်။ သူ့အမေမေးတိုင်းလည်း Jungkookက သူပြောခိုင်းသလိုပဲ ပြန်ပြောပေး၍ Taehyungမှာ Jungkookကို ပို၍ ခင်တွယ်လာသည်။

"ကောင်မလေးတွေ အလုပ်ကိုသေချာလုပ်နော် စကားတွေများမနေကြနဲ့ သခင်မကြီးသိရင် အဆူခံနေရလိမ့်မယ်..."

"ဟုတ်ကဲ့ပါ အိမ်တော်ထိန်း ရယ် ကျွန်မတို့ သေချာလုပ်ပါ့မယ်..."

ဧည့်ခန်းထဲက ဆိုဖာခုံတွေကို နေရာရွှေ့ကာ သန့်ရှင်းရေးလုပ်နေကြတဲ့ အိမ်အကူကောင်မလေးတွေကို အိမ်တော်ထိန်းမှာ သတိပေးနေရသည်။ အိမ်တော်ထဲက ဇိမ်ခံပစ္စည်းတွေက အကုန်တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကြီးပဲမို့ တစ်ခုခု ဖြစ်သွားရင် သူ့တာဝန်ဖြစ်သည်။

Taehyungအိပ်ယာကနိုးတော့ ခြံထဲလမ်းလျှောက်ထွက်ရန် အောက်ထပ်ကို ဆင်းလာသည်။ ဧည့်ခန်းကိုရောက်တော့ ပစ္စည်းတွေ နေရာရွှေ့နေတဲ့ အိမ်အကူကောင်မလေးတွေနှင့် အိမ်တော်ထိန်းကိုမြင်၍ Taehyungလည်းနှုတ်ဆက်လိုက်သည်။

"အိမ်တော်ထိန်း ဘာတွေလုပ်နေတာလည်း.."

"ဟာ...သခင်လေး နိုးလာပြီလား အစောကြီးရှိသေးတယ်... "

"ဟုတ်တယ် ကျွန်တော် ခြံထဲ လမ်းဆင်းလျှောက်မလို့..."

"ဒါဆို သွားလျှောက်လေ သခင်လေး ကျွန်တော်တို့က ဧည့်ခန်းတွေသန့်ရှင်းရေးလုပ်နေတာ သခင်လေးကို ဖုန်တွေ ပေကုန်လိမ့်မယ်.."

"ဟုတ် ဒါဆို အိမ်တော်ထိန်းတို့ လုပ်စရာရှိတာလုပ်ပါ ကျွန်တော် လမ်းသွားလျှောက်ဦးမယ်..."

Taehyungလည်း အိမ်တော်ထိန်းကိုနှုတ်ဆက်ကာ အိမ်အပြင်ထွက်မယ်အလုပ် ပစ္စည်းတွေသယ်ပိုးလာတဲ့ အိမ်အကူကောင်မလေးတစ်ယောက်နဲ့ ဝင်တိုက်မိသွားသည်။

Taehyung အိမ်အကူကောင်မလေးနဲ့ ဝင်တိုက်မိ၍ လှဲကျသွားသည်။

"အာ့..."

ကောင်မလေးမှာ Taehyung လှဲကြသွားမြင်တော့ အထိတ်ထိတ်အပြာပြာနှင့် Taehyungကို ဆွဲထူဖို့ပြင်လိုက်စဥ်

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now