Unicode
ထယ်ယောင်း တစ်ယောက် ဆေးသောက်တာ 5လပြည့်တဲ့နေ့မှာ ခေါင်းတွေမူးလာသလို၊ ကိုယ်လက်မအီမသာဖြစ်လာပြီး အော့အန်လာတော့သည်။ မနက်မိုးလင်းရင်လည်း မထချင် တမှိုင်မှိုင်တထွေထွေဖြစ်ကာ လူက နုံးချိနေတော့သည်။
"ထယ်...ထယ့်ကို ကြည့်ရတာ ဒီရက်ထဲ မျက်နှာလေးညှိုးနေသလိုပဲ...နေမကောင်းလို့လား..."
"ကောင်းပါတယ် မောင်ရယ် ငါဘာမှမဖြစ်ပါဘူး..."
"ဟုတ်လို့လား ထယ်ရယ် မောင်ကြည့်တာတော့ ထယ် ဒီရက်ထဲ မျက်နှာလေးချောင်ကြသွားသလိုပဲ..."
ဂျောင်ဂုက ထယ်ယောင်းကို အမြဲ အရိပ်တကြည့်ကြည့် ကြည့်နေတဲ့လူဖြစ်၍ ထယ်ယောင်းမျက်နှာ အသွားအလာကို အကဲခတ်တက်သည်။ ဒီရက်ထဲ ထယ်ယောင်းငြိမ်နေတာကိုလည်းသတိထားမိသည်။ အရင်ကဆို အိပ်ယာထဲဝင်တာနဲ့ ချစ်တင်းနှောဖို့ အမြဲတောင်းဆိုတက်တဲ့ထယ်ယောင်းက အခုရက်ထဲ ငြိမ်နေတာကိုလည်း ဂျောင်ဂုသတိထားမိသည်။
"ထယ်...အခုရက်ထဲ ထယ်ငြိမ်နေတယ်နော် မောင့်ကို တူတူနေဖို့တောင် မတောင်းဆိုတော့ဘူး..."
"အင်း မောင် ငါဒီရက်ထဲ ရင်ထဲမအီမသာ.ဖြစ်နေလို့ တူတူမနေချင်သေးဘူး..."
"ဟင်...ထယ် ရင်ထဲ နေလို့မကောင်းဘူးဟုတ်လား...ဘာဖြစ်လို့လည်း ..."
"မသိပါဘူး မောင်ရယ် အစားလည်းမစားချင်ဘူး ရင်ပြည့်နေသလိုကြီးပဲ..."
ဂျောင်ဂုမှာ စိတ်ပူလို့သွားသည်။ ချစ်ရသူ သာ တစ်ခုခုဖြစ်ရင် သူရင်ကျိုးရချည်ရဲ့....
"ထယ် ဒါဆို မောင်တို့ ဆေးခန်းသွားပြကြည့်ရအောင်..."
"ရပါတယ် မောင်ရယ် ငါ ကြီးကြီးမားမားဖြစ်တာမဟုတ်ပါဘူး ရင်ထဲမအီမသာဖြစ်ယုံပါ..."
"ထယ်ရယ် ရင်ထဲမအီမသာဖြစ်တယ်ဆိုလည်း ဆေးခန်းပြရမှာပေါ့...ဘာကြောင့် မအီမသာဖြစ်တယ်ဆိုတာ ဆေးခန်းပြမှ သိမှာလေ... ဒီတိုင်းနေနေလို့ သိရမှာမှ မဟုတ်တာ..."
"ရတယ်မောင် ငါအိပ်လိုက်ရင် သက်သာသွားမှာ...."
ပြောပြောဆိုဆိုနှင့် ထယ်ယောင်းမှာ အိပ်ယာထဲဝင်လှဲအိပ်တော့သည်။ ဂျောင်ဂုလည်းပြောမရတဲ့အဆုံးသူပါ ထယ်ယောင်းဘေးဝင်လှဲအိပ်လိုက်သည်။
YOU ARE READING
𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~
Fanfictionသခင်လေးဆိုတဲ့သူဟာ လူကိုအရမ်းပြုစားလွန်းတယ် သခင်လေးက ညှို့အားများရှိနေတာလား သခင်လေး ကြည့်တဲ့ အကြည့်တွေမှာ အရည်ပျော်မတက်ပါပဲသခင်လေးရယ်.....